ဘိုကလေးပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲ အခမ်းအနားပြုလုပ်

 

ဘိုကလေး အောက်တိုဘာ ၁၁

ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ဗဟိုအမျိုး သမီးညီလာခံအကြို ဘိုကလေး မြို့နယ် အမျိုးသမီးနှီးနှောဖလှယ် ပွဲအခမ်းအနားကို ယမန့်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ပထမဦးစွာ သဘာပတိအဖွဲ့ နေရာယူပြီးနောက် အခမ်းအနားကို နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော်သီချင်းသံပြိုင်သီဆိုဖွင့် လှစ်ခဲ့သည်။ ထို့နောက် ဖျာပုံခရိုင် ပါတီဥက္ကဋ္ဌဦးစန်းမောင်က အဖွင့် အမှာစကားပြောကြားခြင်း၊ မြို့နယ် ပါတီကော်မတီအမျိုးသမီးရေးရာ တာဝန်ခံက ဗဟိုအမျိုးသမီးညီလာ ခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ မည့်အစီအစဉ်များကို ရှင်းလင်း တင်ပြခြင်း၊ ဖျာပုံခရိုင်ပြည်ခိုင်ဖြိုး ပါတီမှမြို့နယ်ပြည်ခိုင်ဖြိုးပါတီသို့ ပဝါများပေးအပ်လှူဒါန်းခြင်းနှင့် အလှူငွေများပေးအပ်ပြီး အခမ်း အနား ပထမပိုင်းအစီအစဉ်များ ကျင်းပပြီးစီးခဲ့သည်။
ဆက်လက်ပြီး အစုအဖွဲ့လေး ဖွဲ့မှ ဖွဲ့စည်းကာဆွေးနွေးခဲ့ကြပြီး စာတမ်းဖတ်ကြားတင်ပြမည့်ကိုယ် စားလှယ်များ ရွေးချယ်ခြင်းကို ဒုတိယပိုင်းအစီအစဉ်တွင် ဆောင် ရွက်ခဲ့ကြသည်။

အခမ်းအနားတတိယပိုင်းတွင် အစုအဖွဲ့အလိုက် မှတ်တမ်းတင် ဆွေးနွေးခဲ့ကြသောစာတမ်းများ ဖြစ်သည့် မြန်မာအမျိုးသမီးများ နှင့် မြန်မာနိုင်ငံရေးအခန်းကဏ္ဍ မြှင့်တင်ရေးစာတမ်းကို မြို့နယ် ကော်မတီဝင် ဒေါ်မေစိုးဦးကလည်း ကောင်း၊ အမျိုးသမီးများ၏ ဘဝ လုံခြုံရေး၊ ငြိမ်းချမ်းသာယာမှုနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး စာတမ်းကို မင်းဂံကျေးရွာအုပ်စု ဒုဥက္ကဋ္ဌဒေါ်ခင်မိုးထွေးကလည်း ကောင်း၊ အမျိုးသမီးထုအတွက် အမျိုးဂုဏ် ဇာတိဂုဏ်ထိန်းသိမ်း ရေး အမျိုးသမီးများ၏ အခွင့် အလမ်းများကို ရိုးရာဓလေ့ထုံးစံ နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရေးစာတမ်းကို မြို့နယ် ပါတီကော်မတီဝင်ဒေါ်နှင်းဝင်းသန့် ကလည်းကောင်း၊ ပါတီဝင်အသစ် များစုဆောင်းရေးနှင့် ၂ဝ၂ဝ ရွေး ကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီဝင်အမျိုးသမီးများအား စဉ် ဆက်မပြတ် လေ့ကျင့်ပျိုးထောင် ပေးရေးစာတမ်းကို ဧရာကျေးရွာ ပါတီဥက္ကဋ္ဌဒေါ်စန်းစန်းမော်က လည်းကောင်း ဖတ်ကြားတင်သွင်း ခဲ့ကြသည်။

ထို့နောက် ဘိုကလေးမြို့နယ် အမျိုးသမီးနှီးနှောဖလှယ်ပွဲ၏ တွေ့ ရှိချက်များမှတ်တမ်းတင်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို မြင်းကကုန်း ကျေးရွာကော်မတီဝင်ဒေါ်လေးလေး နွယ်က တင်သွင်းပြီး သဘာပတိက မှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်း နှင့်ရှေ့လုပ်ငန်းစဉ်များ အကောင် အထည်ဖော်ဆောင်ရွက်ရန် ဆုံးဖြတ် ပြီးနောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြ သိန်းက နိဂုံးချုပ်အမှာစကားပြော ကြားခဲ့ကာ အခမ်းအနားကို ပြည် ခိုင်ဖြိုးဟေ့ တေးသီချင်းဖြင့်သံပြိုင် သီဆိုရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ ဧရာဝတီ တိုင်းပါတီကော်မတီဝင် ဒေါ်စိုးစိုးရီ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစန်းမောင်၊ ခရိုင် ပါတီအတွင်းရေးမှူး ဦးစောအောင် ချစ်ဆွေ၊ ခရိုင်ပါတီကော်မတီအမျိုး သမီးရေးရာတာဝန်ခံဒေါ်အေးသီတာ နှင့် ခရိုင်ပါတီကော်မတီ မြို့နယ် တာဝန်ခံ ဒေါ်ခင်ထားရီ၊ မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဥက္ကဋ္ဌနှင့်အမျိုးသမီးအဖွဲ့ဝင် များ စုစုပေါင်းအင်အား ၂၄၉ ဦး တက်ရောက်ခဲ့သည်။

မေလေး(ဘိုကလေး)