အင်္ဂလန်နည်းပြဆောက်ဂိတ် (၄)နှစ်စာချုပ်သစ်ချုပ်ဖို့ သဘောတူညီမှုရ

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ အသင်းနဲ့(၄)နှစ် စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် အင်္ဂလန်အသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆောက်ဂိတ် ကိုင်တွယ်ခွင့် ရမှာပဲဖြစ်ပြီး တစ်နှစ် လုပ်ခလစာပေါင်(၃)သန်း ကျော်ရရှိမှာပဲဖြစ်ပါတယ်။ စာချုပ်သစ်ချုပ်ဆိုရခြင်း မရှိပေမယ့် မကြာခင်မှာ အတည်ပြုထုတ်ပြန်နိုင်မယ်လို့ အက်ဖ်အေက မျှော်လင့်နေပါတယ်။

ဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းကို ၂၈နှစ်အတွင်း ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ် ပထမဆုံးအကြိမ်တက်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့သူပါ။ အင်္ဂလန်အသင်းဟာ အောက်တိုဘာလ (၁၂)ရက်မှာ နေးရှင်းလိဂ်အုပ်စုပွဲစဉ်အဖြစ် ခရိုအေးရှားကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။

-Ref ;Sky sports