ေရာ္နယ္ဒို၏ ဒဏ္ရာျပႆနာေၾကာင့္ ေျခစမ္းပြဲစဥ္မ်ား ေရႊ႕ဆိုင္း

ဇန္နဝါရီ ၂၄

အယ္လ္နာဆာအသင္းရဲ့ တ႐ုတ္ ေျခစမ္းပြဲ ခရီးစဥ္ကို အယ္လ္နာဆာ အသင္းေခါင္းေဆာင္ ခရစၥတီယာနို ေရာ္နယ္လ္ဒိုရဲ့ ဒဏ္ရာ အေျခအေနေၾကာင့္ ေရႊ႕ဆိုင္းလိုက္ရၿပီျဖစ္ေၾကာင္း ပြဲစီစဥ္သူေတြက တရားဝင္ အတည္ျပဳ ထုတ္ျပန္လိုက္ပါတယ္။

အယ္လ္နာဆာဟာ ဇန္နဝါရီ (၂၄) ရက္ေန႔နဲ႔ (၂၈) ရက္ေန႔တို႔မွာ ရွန္ဟိုင္းရွန္ဟြာ၊ ရွန္က်န္းတို႔နဲ႔ ရာသီႀကိဳေျခစမ္းပြဲအျဖစ္ ကစားဖို႔ စီစဥ္ခဲ့တာပါ။ ဒါေပမယ့္ ေရာ္နယ္ဒိုက ဒီမတိုင္ခင္ ေလ့က်င့္ခန္း အစီအစဥ္မွာကတည္းက ဒဏ္ရာရရွိလာခဲ့တာေၾကာင့္ အခု ေျခစမ္းပြဲႏွစ္ပြဲစလုံးကို ေရႊ႕ဆိုင္းခဲ့ရပါတယ္။

အခုလို ပြဲေရႊ႕ဆိုင္းလိုက္ရတဲ့အေပၚ ပြဲစီစဥ္သူေတြက ပရိသတ္ေတြထံ ေတာင္းပန္စကားဆိုသြားခဲ့ၿပီး ဒီပြဲကို လာေရာက္ ၾကည့္ရႈမယ့္ ပရိသတ္ေတြရဲ့ လက္မွတ္ေတြ ေလယာဥ္ခေတြနဲ႔ ဟိုတယ္တည္းခိုစရိတ္ေတြ အားလုံးကိုပါ ျပန္အမ္းေပးသြားမယ္လို႔ အသိေပးခဲ့ပါတယ္။ ဒါ့အျပင္ ေရာ္နယ္လ္ဒိုကလည္း ပရိသတ္ေတြကို ေတာင္းပန္ခဲ့ေပမယ့္လည္း ပရိသတ္ေတြကေတာ့ အခုလို ပြဲေရႊ႕ဆိုင္းခဲ့တဲ့အေပၚ အေတာ္ေလး စိတ္ပ်က္လက္ပ်က္ ျဖစ္ေနၾကရပါတယ္။

China Tour ပ်က္သြားလို႔ ေဆာ္ဒီကို ျပန္သြားရေတာ့မယ့္ အယ္လ္နာဆာအသင္းဟာ ေဖေဖာ္ဝါရီလ ၂ရက္ေန႔မွာ အင္တာ မိုင္ယာမီအသင္းနဲ႔ ကစားရမယ့္ ေျခစမ္းပြဲအတြက္သာ ျပင္ဆင္ရေတာ့မွာ ျဖစ္ပါတယ္။

============

ရော်နယ်ဒို၏ ဒဏ်ရာပြဿနာကြောင့် ခြေစမ်းပွဲစဉ်များ ရွှေ့ဆိုင်း

ဇန်နဝါရီ ၂၄

အယ်လ်နာဆာအသင်းရဲ့ တရုတ် ခြေစမ်းပွဲ ခရီးစဉ်ကို အယ်လ်နာဆာ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ဒဏ်ရာ အခြေအနေကြောင့် ရွှေ့ဆိုင်းလိုက်ရပြီဖြစ်ကြောင်း ပွဲစီစဉ်သူတွေက တရားဝင် အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

အယ်လ်နာဆာဟာ ဇန်နဝါရီ (၂၄) ရက်နေ့နဲ့ (၂၈) ရက်နေ့တို့မှာ ရှန်ဟိုင်းရှန်ဟွာ၊ ရှန်ကျန်းတို့နဲ့ ရာသီကြိုခြေစမ်းပွဲအဖြစ် ကစားဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမယ့် ရော်နယ်ဒိုက ဒီမတိုင်ခင် လေ့ကျင့်ခန်း အစီအစဉ်မှာကတည်းက ဒဏ်ရာရရှိလာခဲ့တာကြောင့် အခု ခြေစမ်းပွဲနှစ်ပွဲစလုံးကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

အခုလို ပွဲရွှေ့ဆိုင်းလိုက်ရတဲ့အပေါ် ပွဲစီစဉ်သူတွေက ပရိသတ်တွေထံ တောင်းပန်စကားဆိုသွားခဲ့ပြီး ဒီပွဲကို လာရောက် ကြည့်ရှုမယ့် ပရိသတ်တွေရဲ့ လက်မှတ်တွေ လေယာဉ်ခတွေနဲ့ ဟိုတယ်တည်းခိုစရိတ်တွေ အားလုံးကိုပါ ပြန်အမ်းပေးသွားမယ်လို့ အသိပေးခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်လ်ဒိုကလည်း ပရိသတ်တွေကို တောင်းပန်ခဲ့ပေမယ့်လည်း ပရိသတ်တွေကတော့ အခုလို ပွဲရွှေ့ဆိုင်းခဲ့တဲ့အပေါ် အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်နေကြရပါတယ်။

China Tour ပျက်သွားလို့ ဆော်ဒီကို ပြန်သွားရတော့မယ့် အယ်လ်နာဆာအသင်းဟာ ဖေဖော်ဝါရီလ ၂ရက်နေ့မှာ အင်တာ မိုင်ယာမီအသင်းနဲ့ ကစားရမယ့် ခြေစမ်းပွဲအတွက်သာ ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။