မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားတက်ရောက်

 

မိတ္ထီလာ စက်တင်ဘာ ၁၃

မန္တလေး တိုင်းဒေသကြီး မိတ္ထီလာမြို့ အထက(၁) ကျောင်း ဧကရာဇ်ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီမှ ၁ဝ နာရီခွဲအထိ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားနှင့် လူကုန်ကူးမှုတိုက် ဖျက်ရေးစာစီစာကုံး၊ပန်းချီ၊ကာတွန်း ပြိုင်ပွဲ ဆုရကျောင်းသား ကျောင်း သူများအား ဆုပေးပွဲကျင်းပခဲ့ ကြောင်း သိရသည်။အဆိုပါအခမ်းအနားသို့ မိတ္ထီ လာမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါ တီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ မြို့နယ် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ ဖိတ်ကြားထားသော ဧည့်သည် များ၊ ရပ်မိရပ်ဖ၊ ကျောင်းသား ကျောင်းသူ စုစုပေါင်းအင်အား ၃ဝဝ ခန့် တက်ရောက်ပါကြောင်း သိရသည်။

မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက် ဖျက်ရေးနေ့အခမ်းအနားကို မိတ္ထီ လာခရိုင် အထွေထွေအုပ်ချုပ်ရေး မှူးဦးသက်လွင်က လူကုန်ကူးခံနေ ရမှုများ အမျိုးသမီး ၅၁ရာခိုင်နှုန်း၊ ကလေးအမျိုးသား ၂ဝ ရာခိုင်နှုန်း၊ အမျိုးသား ရှစ်ရာခိုင်နှုန်းနှင့် အငှား ဇနီးမယားအဖြစ် ပြည်ပတွင် အဓမ္မ ခိုင်းစေခြင်း ခံနေရမှုများကို ရှင်း လင်းပြောကြားသည်။ မိတ္ထီလာမြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးအုန်း ဌေးကအမျိုးသမီးရေးရာကော်မတီ အနေနှင့်လည်း လူကုန်ကူးမှုတိုက် ဖျက်ရေးတွင် အဓိကပါဝင်ကူညီ လျက်ရှိကြောင်းနှင့် မိတ္ထီလာမြို့ နယ် အနေနှင့် လူကုန်ကူးမှုတိုက် ဖျက်ကာကွယ်ရေးအတွက် စာသင် ကျောင်းများတွင် အကြိမ် ၂ဝ ၊ မိဘပြည်သူများကြားတွင် အကြိမ် ရေ ၂ဝဟောပြောဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး လက်ကမ်းစာစောင် ဖြန့်ဝေခြင်း အကြိမ် ၆ဝ ပြုလုပ် ပြီးစီးပါကြောင်း ရှင်းလင်းပြော ကြား၊ Actionaid မှ မိတ္ထီလာမြို့ နယ် တာဝန်ခံ ဒေါ်မေသက်ထွေး ကလည်း လူကုန်းကူးမှုခံရမှုများ သည် အဓိကဆင်းရဲမွဲတေမှုများ နှင့် ပတ်သက်နေပါကြောင်းနှင့် မိမိ တို့အဖွဲ့အနေနှင့် မိတ္ထီလာမြို့နယ် တွင် ကျေးရွာပေါင်း ၃ဝကို တစ် ပိုင်တစ်နိုင်မွေးမြူရေးများစီစဉ်ထား ပေးပါကြောင်း၊ အမျိုးသမီးများ အကြမ်းဖက်ခံရပါက မြို့နယ် အဆင့် အမျိုးသမီးအဖွဲ့ ဖွဲ့ထားပါ ကြောင်းပြောကြားသည်။ ဒုတိယ ရဲမှူးကြီးဝင်းညွန့်က လူကုန်ကူးမှု အများဆုံဟာ တရုတ်နိုင်ငံသို့ အဓမ္မထိမ်းမြားခြင်း၊ အငှားဇနီး မယားအဖြစ် ရောင်းစားခံနေရခြင်း များတွေ့ရှိရပါကြောင်းနှင့် အစီ အစဉ်နောက်ဆုံးအနေနှင့် ပန်းချီ၊ စာစီစာကုံး၊ကာတွန်းဆုရ ကျောင်း သားကျောင်းသူများကို ဆုများ ချီးမြှင့်ကာ အခမ်းအနားကို အောင် မြင်စွာ ကျင်းပပြီးစီးသည်။

စိုးလှိုင်(ထီလာ)