မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာအဖွဲ့၏ အခြေခံစက်ချုပ်သင်တန်း (၅/၂ဝ၁၈)ဖွင့်

 

ရန်ကုန် စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုး သမီးရေးရာအဖွဲ့၏ အခြေခံစက် ချုပ်သင်တန်းအမှတ်စဉ်(၅/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက သိမ်ဖြူ မီးရထား ရပ်ကွက် သာသနာ့ဟိတဓမ္မာရုံ တွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုကော်မတီဝင်ဒေါ်စန်း စန်းဝင်းက သင်တန်းဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။ ထို့နောက် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က စက် ချုပ်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည် ရွယ်ချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

၎င်းအခမ်းအနားသို့ ပြည်ခိုင် ဖြိုးပါတီ ဗဟိုကော်မတီဝင် ဒေါ် စန်းစန်းဝင်း၊ တိုင်းပါတီကော်မတီ ဝင် ဒေါ်အေးအေးမြင့်၊ အရှေ့ပိုင်း ခရိုင်ပါတီကော်မတီဝင် ဒေါ်လဲ့လဲ့ အေး၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးဝင်းလှိုင်၊ အတွင်းရေးမှူး ဦးတင်ရှိန်နှင့် မြို့နယ်ပါတီကော်မ တီဝင်များ၊ ရပ်ကွက်ပါတီခေါင်း ဆောင်များ၊ သင်တန်းဆရာ ဆရာမ များနှင့် သင်တန်းသား သင်တန်းသူ ၃၅ ဦး စုစုပေါင်း အင်အား ၆ဝခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)