ဗဟိုအမျိုးသမီးညီလာခံအား ကြိုဆိုဂုဏ်ပြု

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တောင်ပိုင်းခရိုင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်အေးအေးမြင့်၊ တောင်ပိုင်းခရိုင် မြို့နယ်အမျိုးသမီးရေးရာ တာဝန်ခံများ စုပေါင်း၍ ယနေ့ နေလည် ၁၁ နာရီအချိန်က သန်လျင်မြို့နယ် ဇမ္ဗူသီရိချမ်းမြေ့မေတ္တာကျောင်းရှိ သီလရှင် (၁၁၈) တို့အား ဆွမ်းဆန်အိတ် ၃ အိတ်၊ ဗလာစာအုပ် ဒါဇင် (၅၀)၊ ဘောလ်ပင် (၁၀)ဗူး၊ ခဲတံ (၁၀)ဗူး၊ တစ်ခါသုံး ခေါင်းရိတ်ဓား (၇)ဗူး၊ စုစုပေါင်းတန်ဘိုးငွေ ၃၁၀၀၀၀ိ/ သုံးသိန်းတစ်သောင်းကျပ်တိတိအား သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ လှူဒါန်းပွဲ အခမ်းအနားသို့ ခရိုင်ပါတီဥက္ကဋ္ဌ ဦးလွင်ဦးနှင့် ခရိုင်ကော်မတီဝင်များ မြို့နယ်ဥက္ကဋ္ဌများ တောင်ပိုင်းခရိုင် အမျိုးသမီးရေးရာ ကော်မတီဝင်များ စုစုပေါင်း အင်အား (၇၀) ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
WMO