ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးမြင့်မောင်နှင့်ပခုက္ကူခရိုင် ၅ မြို့ နယ် တွေ့ဆုံပွဲ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟို ဦးဆောင်ကော်မတီဝင် သူရဦးမြင့်မောင်၊ သမ္မတရုံး
ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးစိုးမောင်နှင့်ပခုက္ကူ
ခရိုင် ၅ မြို့ နယ်မှ ဥက္ကဋ္ဌ အတွင်းရေးမှူးနှင့်ကော်မတီဝင်များ တွေ့ ဆုံ ပွဲကိုဧပြီလ
(၁၁)ရက်နေ့ နံနက် ၉ နာရီတွင် ပခုက္ကူခရိုင်ရုံး၌ကျင်းပခဲ့ပါသည်။
အဆိုပါတွေ့ ဆုံပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမူ ဆောင် မကွေးတိုင်းပြည်ခိုင်ဖြိုးပါ
တီ ဥက္ကဌ ဒေါက်တာမောင်မောင်ဌေး ၊အတွင်းရေးမှူးဦးဆန်းညွန့်အောင်၊တိုင်းပါတီကော်မတီဝင်များဖြစ်သော ဦးစောဝင်းမောင်၊ဦးကျော်သူဦး ၊ဦးသော်ဇင်ဦး၊ပခုက္ကူခရိုင်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊အတွင်းရေးမှူး ဦးမြင့်နိုင်၊ နှင်ခရိုင်ကော်မတီဝင်များ ပခုက္ကူ ၊ဆိပ်ဖြူ ၊ရေစကြို ၊မြိုင် ၊ပေါက်မြို့တို့မှ ဥက္ကဋ္ဌ ၊အတွင်းရေးမှူး၊ဘဏ္ဍာရေးမှူးနှင့်ကော်မတီဝင်များ တက်ရောက်ကြပါသည်။ထို့နောက် ခရိုင်ဥက္ကဋ္ဌ ဦးသိန်းထွန်း မှ ပါတီဝင်စိစစ်ခြင်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ခရိုင်အတွင်ဆောင်ရွက်ထားရှိမှုများ ကိုရှင်းလင်းတင်ပြပါသည်။၎င်းနောက် တိုင်းပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးမှ မကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီ၏ ဆောင်ရွက်ချက်များကိုရှင်းလင်း တင်ပြပါသည်။ဆက်လက်၍ပြည်ထောင်စုဝန်ကြီး ငြိမ်းဦးစိုးမောင်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုဦးဆောင်ကော်မတီဝင် သူရဦးမြင့်မောင်တို့မှတက်ရောက်လာကြသောပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များအားလမ်းညွန်းအမှား စကားပြောကြားခဲ့ပါသည်။
ဆက်လက်ပြီးပါတီဗဟိုဦးဆောင် ကော်မတီဝင်သူရဦးမြင့်မောင်မှ စာအုပ်များပေးအပ်လှူဒါန်းခဲ့ပြီးတွေ့ဆုံပွဲ အခမ်းအနား ကိုနေ့ လည်(၁၂း၀၀)နာရီရုပ်သိမ်း ခဲ့ပါသည်။