ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးနှင့် တိုင်းပါတီဥက္ကဋ္ဌတို့ မြို့နယ် ရပ်ကျေးပါတီဝင်များနှင့်တွေ့ဆုံ

 

မကွေး စက်တင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး ကံမ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပါတီဗဟို အတွင်းရေးမှူး တိုင်းဒေသကြီး တာဝန်ခံ ဦးပိုက်ထွေးနှင့် ပါတီ ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းဒေသကြီးပါတီမှ တာဝန်ရှိသူများက မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ ပါတီဝင်များနှင့်တွေ့ဆုံ ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ကံမမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင်ဦးက မြို့နယ်အတွင်း စည်းရုံးရေးအခြေအနေများကို တင်ပြခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး မကွေးတိုင်းဒေသကြီး တာဝန်ခံ ဦးပိုက်ထွေးက ပါတီမူဝါဒများနှင့် ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားခဲ့သည်။ ထို့ နောက်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်က နိုင်ငံရေးအခြေအနေများ ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးက လုပ်ငန်းလမ်းညွှန်အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ ပါတီစည်းရုံးရေးမှူးနှင့် ပါတီဝင်များမှ သိလိုသည်များကို ပြန်လည် ဆွေးနွေးတင်ပြ ကြပြီးနောက် ဗဟိုအတွင်းရေးမှူး တိုင်းဒေသကြီးတာဝန်ခံ ဦးပိုက်ထွေးက နိဂုံးချုပ်အမှာစကားပြောကြားကာ မွန်းလွဲ ၃ နာရီ ၅ မိနစ်တွင် အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး မကွေးတိုင်းဒေသကြီး တာဝန်ခံဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ဥက္ကဋ္ဌများ၊ ပါတီစည်းရုံးရေးမှူးများနှင့် ပါတီဝင်များ အင်အား ၃ဝဝ ခန့်တက်ရောက်ခဲ့ကြသည်။

Usdp, Magway Region