ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 

ရန်ကုန် စက်တင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင် လှိုင်သာယာမြို့နယ် (၁၈) ရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက (၁၈)ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ကျင်းပ ရာ ကံလှ(၁၁) မီးငြိမ်းဆရာတော် နှင့်ရွှေရင်အေးကျောင်းတိုက် ဆရာ တော်၊ မင်္ဂလာသီရိအုန်းတောဆရာ တော်၊ ကံလှ (၁၁) မီးငြိမ်းဆရာ တော်ထံမှရှစ်ပါးသီလခံယူဆောက် တည်ကာ ဝါဆိုသင်္ကန်း၊ နေ့ဆွမ်း နှင့် လှူဖွယ်ဝတ္ထုပစ္စည်များကို ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုကို ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြသည်။

ထိုလှူဒါန်းပွဲကို လှိုင်သာယာ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နယ်မြေတာဝန်ခံ ဦးမြင့်သိန်းနှင့်(၁၈)ရပ်ကွက် လှိုင် သာယာမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဝင်းငြိမ်း၊အတွင်းရေးမှူး ဒေါ်မြင့် မြင့်အေးနှင့်ကော်မတီဝင် ဦးကျော် ဝင်းဌေး၊ ဒေါ်ခင်မျိုးလတ်၊ ဦးယဉ် မောင်တို့က ဦးဆောင်ကျင်းပပြီး အဆိုပါ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားသို့ လှိုင် သာယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နာယကများ၊ လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌ ဦးဇေယျာအောင် နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌများ နှင့်ပါတီဝင်များ၊ အမျိုးသမီးထု ပါတီဝင်များ၊ လူငယ်ပါတီဝင်များ နှင့် စေတနာရှင်ပြည်သူများက လှူဒါန်းခဲ့ကြပြီး ဆရာတော်များထံ လှူဖွယ်ပစ္စည်းများအား ရေစက် သွန်းချအမျှပေးဝေခဲ့ကြောင်း သိရ သည်။

မြင့်သိန်း(လှိုင်သာယာ)