ပြည်ခိုင်ဖြိုးပါတီဗဟိုအမျိုးသမီးညီလာခံအကြို မြင်းခြံမြို့နယ်အမျိုးသမီးနှီးနှောဖလှယ်ပွဲကျင်းပ

မြင်းခြံ စက်တင်ဘာ ၂

မြင်းခြံခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ပြည်ခိုင်ဖြိုးပါတီဗဟိုအမျိုးသမီးညီလာခံအကြို မြင်းခြံမြို့နယ် အမျိုးသမီးနှီးနှောဖလှယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပရာ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင် တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။

အခမ်းအနားအား အစီအစဉ် သုံးပိုင်းခွဲ၍ကျင်းပခဲ့ပြီး အစီအစဉ် ပထမပိုင်းတွင် သဘာပတိအဖွဲ့ မှနေရာယူပြီးနောက် အခမ်းအနား တွင်နိုင်ငံတော်အလံအား အလေး ပြု၍ နိုင်ငံတော်သီချင်း သံပြိုင် သီဆိုဖွင့်လှစ်ခဲ့သည်။
ထို့နောက် ပါတီဗဟိုအလုပ် အမှုဆောင် မန္တလေးတိုင်းဒေသ ကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် အမျိုးသမီးထု၏စွမ်း အားကို အလေးအနက်ထားယုံ ကြည်ပါကြောင်း၊ ပါတီအနေဖြင့် ပါတီဝင်အင်အားကျစ်လျစ်ခိုင်မာ ရေးကို ဦးစားပေးဆောင်ရွက်ခဲ့ ကြောင်း၊ ပါတီအင်အားတောင့် တင်းခိုင်မာရေးအတွက် အမျိုးသမီး များ၏ အခန်းကဏ္ဍသည် အရေး ကြီးပါကြောင်း၊ လက်ရှိကာလ တွင် ပြည်ခိုင်ဖြိုးပါတီအပေါ် ပြည် သူလူထုမှ အားကိုးယုံကြည်၍ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၈ မြို့နယ်မှာ ပါတီဝင်အသစ် ၁၂ဝဝဝကျော်ဝင်ရောက်ခဲ့ကြောင်း၊ ပါတီအနေဖြင့် ပါတီဝင်များအရည် အချင်း၊ အရည်အသွေးမြင့်မား ရေးအတွက် နှုတ်မှုစွမ်းရည်ပြိုင်ပွဲ များနှင့် သင်တန်းအမျိုးမျိုး ဖွင့် လှစ်ခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့ အချိန်မှာ အမျိုးသမီးကဏ္ဍကို ပိုမိုကျယ်ပြန့်ထိရောက်စွာဆောင် ရွက်နိုင်ရေးအတွက် ယခုကဲ့သို့ မြို့နယ်များအလိုက် ဗဟိုအမျိုး သမီးညီလာခံအကြို အမျိုးသမီး နှီးနှောဖလှယ်ပွဲများ ကျင်းပခြင်း ဖြစ် ကြောင်း အစရှိသည်တို့ကို ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြင်းခြံမြို့အမှတ် (၁၂)ရပ်ကွက်မှပါတီဝင်တစ်ဦးဖြစ် သော မမြင့်မြင့်သင်းက ဗဟိုအမျိုး သမီးညီလာခံအကြို မြင်းခြံမြို့နယ် အမျိုးသမီးနှီးနှောဖလှယ်ပွဲကျင်းပ မည့် အစီအစဉ်များကို ရှင်းလင်း တင်ပြခဲ့ပြီးနောက် သဘာပတိအဖွဲ့ ပြန်လည်ထွက်ခွာပြီး အခမ်းအနား ၏ ပထမပိုင်းအစီအစဉ်ကျင်းပပြီး စီးခဲ့သည်။
အစီအစဉ်အရ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအလိုက်အစုအဖွဲ့ များဖွဲ့စည်း၍ အစုအဖွဲ့များ အနေ ဖြင့် နှီးနှောဖလှယ်ပွဲတွင်တင်သွင်း မည့်စာတမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး စာတမ်းလေး စောင်အားတင်သွင်းနိုင်ရန်အတွက် မှတ်တမ်းတင်ခြင်းအားဒုတိယပိုင်း အစီအစဉ်တွင်ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍အစီအစဉ်တတိယ ပိုင်းကိုကျင်းပခဲ့ရာ သဘာပတိအဖွဲ့ မှပြန်လည်နေရာယူပြီးနောက်နှီးနှော ဖလှယ်ပွဲတွင် အစုအဖွဲ့အလိုက် မှတ်တမ်းတင်ဆွေးနွေးခဲ့ကြသော စာတမ်းများဖြစ်သည့်မြန်မာအမျိုး သမီးများနှင့်မြန်မာ့နိုင်ငံရေးအခန်း ကဏ္ဍမြှင့်တင်ရေးစာတမ်းကိုမြင်းခြံ မြို့အမှတ်(၁၃)ရပ်ကွက်မှ ပါတီဝင် မအေးစမ်းမိုးကလည်းကောင်း၊ မြန်မာအမျိုးသမီးများ၏ ဘဝ လုံခြုံမှု၊ ငြိမ်းချမ်းသာယာမှုနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး စာတမ်းကို သာပေါင်းကျေးရွာ အုပ်စု အနိမ့်ကျေးရွာမှပါတီဝင် မအိမွန်ကလည်းကောင်း၊ အမျိုး သမီးထုအတွင်း အမျိုးဂုဏ်ဇာတိ ဂုဏ်ထိန်းသိမ်းရေး အမျိုးသမီး များ၏အခွင့်အရေးများကို ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ အကောင်အထည်ဖော်ဆောင်ရေး စာတမ်းကိုပျော်ဘွယ်ကျေးရွာအုပ်စု မြောက်ကုန်းရွာမှ မဇာလီမွန်က လည်းကောင်း၊ အမျိုးသမီးပါတီ ဝင်သစ်များစုဆောင်းရေးနှင့် ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် ပါတီဝင်အမျိုးသမီးများ အား စဉ်ဆက်မပြတ် လေ့ကျင့်ပျိုး ထောင်ပေးရေးစာတမ်းကို သစ်ရုံ ကျေးရွာအုပ်စု သစ်ရုံကျေးရွာမှ မဇင်မာဌေးကလည်းကောင်း ဖတ် ကြားတင်သွင်းခဲ့သည်။

ထို့နောက် မြင်းခြံမြို့နယ် အမျိုးသမီး နှီးနှောဖလှယ်ပွဲ၏ တွေ့ရှိချက်၊ ဆုံးဖြတ်ချက်နှင့် ရှေ့ လုပ်ငန်းစဉ်များအားထုတ်ပြန်ခဲ့ကာ သဘာပတိမှ ဖတ်ကြားတင်သွင်း ခဲ့သော စာတမ်းများအား မှတ် တမ်းတင်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ် များအား အတည်ပြုခြင်းတို့အား ဆောင်ရွက်ပြီးနောက် မြင်းခြံမြို့ နယ်ပါတီဥက္ကဋ္ဌဦးဝေမျိုးဟန်ကနိဂုံး ချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားအား ပြည်ခိုင်ဖြိုးဟေ့ တေးသီချင်းသံပြိုင်သီဆို၍ ရုပ် သိမ်းခဲ့သည်။
အခမ်းအနားသို့ ပါတီဗဟို အလုပ်အမှုဆောင် မန္တလေးတိုင်း ဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ မန္တလေးတိုင်းဒေသကြီးပါတီကော် မတီဝင် တိုင်းဒေသကြီးအမျိုးသမီး ရေးရာတာဝန်ခံ ဒေါ်လှလှအေး၊ တိုင်းဒေသကြီးပါတီကော်မတီဝင် များ၊ မြင်းခြံခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်တင်နှင့် ခရိုင်ပါတီကော် မတီဝင်များ၊ မြင်းခြံမြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဝေမျိုးဟန်၊ မြို့နယ် ပါတီအတွင်းရေးမှူး ဦးမင်းမင်း ဇော်နှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ မြင်းခြံခရိုင်အတွင်းရှိ မြို့နယ်များမှ ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ပါတီဝင်အမျိုး သမီးများအပါအဝင်စုစုပေါင်းအင် အား ၄ဝဝ ခန့် တက်ရောက်ခဲ့ ကြောင်း သိရသည်။

သုတ