ကျောက်ကြီး စစ်တောင်းမြစ်ရေကြီးမှုကြောင့် ရေကြီးနစ်မြုပ်သွားသောကျေးရွာအား ပြည်ခိုင်ဖြိုးပါတီမှ သွားရောက်လှူဒါန်း

 

ကျောက်ကြီး စက်တင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မုန်း ဒေသ ညောင်ပင်ဆိပ်ကျေးရွာရှိအိမ်ခြေ ၁၆ဝ နှင့် လူဦးရေ ၈ဝဝ ကျော်တို့နေထိုင်လျက်ရှိသော အဆိုပါကျေးရွာတွင် စစ်တောင်း မြစ်ရေကြီးမှုကြောင့် နေအိမ်များစွာ နစ်မြုပ်သွားသောကြောင့် ကျောက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီဥက္ကဋ္ဌဦးလှဘုန်းနှင့် မြို့နယ်ကော်မတီဝင်များ၊ မုန်း ဒေသတာဝန်ခံဦးကျော်ထွန်းမုန်း၊ ပါတီဥက္ကဋ္ဌ ဦးဇော်မင်းအောင် တို့က ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဒေသခံပြည်သူများ ထံသို့ ၂၅ ပြည်ဆံ့ဆန်အိတ် ၂ဝ၊ မားမားခေါက်ဆွဲထုပ်များ၊ ရေသန့်ဘူးကြီး ၁ဝဝ တို့အား ဗိုလ်မှူးကြီး ဦးသက်ထွန်း(ငြိမ်း) ပံ့ပိုးကူညီမှုဖြင့် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခိုင်ကြီး (ကျောက်ကြီး)