ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ မထောခူကျေးရွာအုပ်စု ရေနီကန်ရွာတွင် ပါတီဝင်များနှင့် သွားရောက်တွ့ဆုံ

 

လွိုင်ကော် – သြဂုတ် ၂၇

(၂၇-၈-၂၀၁၈) ရက်နေ့ ညနေ (၅း၁၅) နာရီမှ (၆း၃၀) နာရီအချိန်အထိ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် လွိုင်ကော်မြို့နယ် မထောခူကျေးရွာအုပ်စု ရေနီကန်ရွာ ဘုန်းတော်ကြီးကျောင်းတွင် ပါတီဝင်များနှင့် သွားရောက် တွေ့ဆုံပါသည်။
ပထမဦးစွာ ရေနီကန်ဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော်အား နဝကမ္မအလှူငွေဖြင့် ပူဇော်ကန်တော့ပါသည်။
ဆက်လက်ပြီး ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ်အမှု ဆောင်) ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ အဖွင့်အမှာစကား ပြောကြား သွားပါသည်။
ပြီးနောက် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဦးတင်ဦး (လွိုင်ကော်မြို့နယ် တာဝန်ခံ) ပြည်နယ်ကော်မတီဝင် ဦးကျော်သင်း၊ လွိုင်ကော်မြို့နယ်ပါတီဥက္ကဌ ဦးမောင်ရွှေတို့က လက်ရှိနိုင်ငံရေး ဖြစ်စဉ်များ နိုင်ငံရေး စီးပွါးရေး လူမှုရေးအခြေအနေများအား ရှင်းလင်းဆွေးနွေး သွားပြီး တက်ရောက်လာကြသော ပါတီဝင်များမှ အသီးသီးထပ်မံ ဆွေးနွေး ပြောကြားသွားပါသည်။
ယင်းနောက် ကယားပြည်နယ်ပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ နိဂုံးချုပ်အမှာ စကားပြောကြားသွားပါသည်။
၎င်းတွေ့ဆုံပွဲသို့ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ်ယာယီအတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ်ကော်မတီဝင် လွိုင်ကော်မြို့နယ်တာဝန်ခံ ဦးတင်ဦးနှင့် ဦးကျော်သင်း၊ ပြည်နယ်ကော်မတီဝင် လွိုင်ကော်ခရိုင် ကော်မတီဝင် ဦးစူးရယ်နှင့် ဒေါ်ခင်မေလတ်၊ လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမောင်ရွှေနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ရေနီကန်ရွာရှိ ပါတီဝင်များ စုစုပေါင်းအင်အား (၁၃၀) တက်ရောက်ကြောင်း သတင်းရရှိသည်။

ထာဝရ မြေချစ်သူ