တွဲဖက်အထွေထွေအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ နှင့် တွေ့ဆုံ

U Thet Naing Win1

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း သည် မေလ (၅) ရက်နေ့ နေ့လည် (၁) နာရီအချိန်က ထားဝယ်မြို့နယ် တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ၍ ပါတီတည်ဆောက်ရေးလုပ်ငန်းစဉ်များအား အကျယ်တ၀င့် ရှင်းလင်းမှာကြားခဲ့သည်။

တွေ့ဆုံပွဲသို့ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးဟောင်းများ၊ ပါတီဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးကျော်ဝင်း (၁) နှင့် ကော်မတီဝင်များ၊ ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင်တို့မှ အတွင်းရေးမှူးများ၊ ထားဝယ်ခရိုင်နှင့် ထားဝယ်မြို့နယ်တို့မှ ပါတီကော်မတီဝင်များ၊ မြို့နယ် (၁၀) မြို့နယ်မှ ပါတီအတွင်းရေးမှူးများ၊ ထားဝယ်မြိုနယ်၊ ရပ်/ကျေး စည်းရုံးရေးမှူးများ စုစုပေါင်း အင်အား (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Photo – Khinmar Khinmarmyint

Leave a Reply