စီရော်နယ်ဒို မရှိပေမဲ့ အကောင်းဆုံးကစားနိုင်ခဲ့တဲ့ ရီးရဲလ်

အသင်းရဲ့အဓိကတိုက်စစ်မှူး စီရော်နယ်ဒို ထွက်ခွာသွားသလို ၊ အစားထိုးကစားသမား ပြန်လည်ခေါ်ယူနိုင်ခြင်း မရှိတာကြောင့် ဝေဖန်မှုတွေ ခံနေရတဲ့ ရီးရဲလ် ဟာ လာလီဂါ အဖွင့်ပွဲစဉ်မှာတော့ မက်ဒရစ်မြို့ခံအသင်း တစ်သင်းဖြစ်တဲ့ ဂီိတာဖေး ကို သက်သောင့်သက်သာ ကစားပြီး ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

၎-၃-၃ ပုံစံနဲ့ပဲ ပွဲထွက်လာခဲ့တဲ့ ရီးရဲလ်ဟာ တိုက်စစ်မှာ ဘင်ဇီမာ၊ဘေးလ်၊ အဆန်စီယို တို့ကို တွဲပြီး ကစားစေခဲ့ပါတယ်။ အသင်းလိုက် ကစားပုံကောင်းခဲ့ပြီး ရီးရဲလ်အတွက် အဖွင့်ဂိုးကိုတော့ နောက်ခံလူ ကာဗာဂျယ်က သွင်းယူပေးခဲ့ပြီးနောက် တစ်ဂိုးကိုတော့ ဘေးလ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဂိုးသွင်းခွင့်တွေ ရခဲ့ပေမဲ့ ဂီတာဖေးဂိုးသမား ဆိုရီယာလက်စွမ်းပြ နေခဲ့လို့သာ ရီးရဲလ်တို့ ၂-၀ ဂိုးနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

90Minutes