လက်စတာကွင်းလယ်လူ အန်ဒီဒီ အသင်းနဲ့ (၆)နှစ်စာချုပ်သစ် ချုပ်ဆို

လက်စတာကွင်းလယ်လူ အန်ဒီဒီဟာ အသင်းနဲ့(၆)နှစ်စာချုပ်သစ် ချုပ်ဆိုလိုက်ပါတယ်။ အသက်(၂၁)နှစ်အရွယ် ကစားသမားဟာ ၂၀၁၇ ဇန်န၀ါရီမှာ ဂျန့်ခ်ကနေ ပေါင်(၁၅)သန်းနဲ့ ပြောင်းလာ ကတည်းက အသင်းအတွက် (၆၃)ပွဲ ကစားခွင့် ရရှိခဲ့ပါတယ်။

စာချုပ်သစ် ချုပ်ဆိုပြီးတဲ့နောက် အန်ဒီဒီက “လက်စတာအသင်းမှာ ရှိနေတဲ့ အချိန်တိုင်း ကျွန်တော် ပျော်ရွှင်မိပါတယ်။ ဒီအသင်းမှာ နောက်ထပ်(၆)နှစ်ဆက် ရှိနေမှာဖြစ်လို့ ၀မ်းသာပါတယ်။ အသင်းဖော်တွေ၊ အံ့အားသင့်စရာကောင်းတဲ့ ပရိသတ်တွေနဲ့အတူ ကျွန်တော်တို့ အောင်မြင်မှု ရရှိမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။ အန်ဒီဒီဟာ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားမှာ နိုင်ဂျီးရီးယားအသင်းရဲ့ အုပ်စု(၃)ပွဲစလုံး ပွဲထွက်ကစားခွင့် ရခဲ့ပါတယ်။

-Ref: Sky sports