ချမ်းမြသာစည်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ မိုးရာသီ စု​ပေါင်းသစ်​ပင်​စိုက်​ပျိုးပွဲသို့ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုး ပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​ တက်​​ရောက်​အား​ပေး

မန္တလေး၊ သြဂုတ်(၁၆)

မန္တ​လေးမြို့၊ ချမ်းမြသာစည်​မြို့နယ်​၊ ကျွန်းလုံးဥ​သျှောင်​ရပ်​ကွက်​ရှိ ဦးပွားဘုရားပုရိဝုဏ်​အတွင်းတွင်​ ချမ်းမြသာစည်​မြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ကြီးမှူး​သော မိုးရာသီ စု​ပေါင်းသစ်​ပင်​စိုက်​ပျိုးပွဲအား ယ​နေ့ နံနက် ​၈ နာရီက ကျင်းပပြုခဲ့ရာ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​ တက်​​ရောက်​အား​ပေး၍ ကိုယ်​တိုင်​ကိုယ်ကျ သစ်​ပင်​ ပါဝင်​စိုက်​ပျိုး​ပေးခဲ့သည်​။

“ကျွန်​​တော်​တို့မြို့နယ်​ပါတီအ​နေဖြင့် သစ်​​တောနဲ့သစ်​ပင်​ချစ်​ခင်​တဲ့လူမျိုး သစ်​ပင်​ကို နှစ်​စဉ်​စိုက်​ ​ရွှေတိုက်​ကိုစိုး ဆိုတဲ့ စကား​လေးအတိုင်း မိုးရာသီကာလ သစ်​ပင်​​တွေ နှစ်​စဉ်​စိုက်​ပြီး သစ်​ပင်​​တွေ ကြီးထွားလာတဲ့အခါ သစ်တစ်ပင်ကောင်း​ ငှက်​တစ်​​သောင်း နားခိုရာ ဆိုသလို ဦးပွားဘုရားထဲမှာ ကျွန်​​တော်​စိုက်​ပျိုးခဲ့တဲ့ သစ်​ပင်​​တွေ ကြီးထွားလာတဲ့အခါမှာ ဘုရားဖူးလာ​ရောက်​တဲ့ ပြည်​သူ​တွေအတွက်​ နားခိုရာ အရိပ်​ရမှာဖြစ်​သလို တစ်​ဖက်​ တစ်လမ်းကလည်း သဘာဝပတ်​ဝန်းကျင်​ကို ထိန်းသိမ်း​စောင့်​ရှောက်​တာပါ။ အခု ဦးပွားဘုရားပုရိဝုဏ်​အတွင်းမှ သစ်​ပင်​စိုက်​တာကလည်း ဘုရားရဲ့ သြဝါဒစရိယဆရာ​တော်​ကြီး​တွေရဲ့ လမ်းညွှန်​မှုကိုခံယူပြီး စိုက်​ပျိုးခဲ့တာပါ´´ဟု ချမ်းမြသာစည်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီအတွင်း​ရေးမှူး ဦး​ကျော်​သက်​ထွန်းမှ​ ပြောသည်​။

သစ်​ပင်​စိုက်​ပွဲသို့ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​နှင့်​အတူ တိုင်း​ဒေသကြီး ပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုး၊ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များ၊ မန္တ​လေးခရိုင်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်​အတွင်း​ရေးမှူး​ ဒေါ်ဝါဝါလှိုင်​နှင့်​ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊ ချမ်းမြသာစည်​မြို့နယ်​ပါတီဥက္ကဋ္ဌ ဦးကိုကိုဦး၊ မြို့နယ်​ပါတီအတွင်း​ရေးမှူး ဦး​ကျော်သက်​ထွန်းနှင့်​မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ မြို့နယ်​အတွင်းရှိ ရပ်​ကွက်​အသီးသီးမှ ပါတီဝင်​များ အပါအဝင်​ စုစု​ပေါင်း အင်​အား (၁၅၀) ဦးခန့်​ တက်​​ရောက်​ခဲ့​ကြောင်းသိရသည်​။

ချမ်းမြသာစည်​မြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ကြီးမှူး​သော မိုးရာသီ စု​ပေါင်းသစ်​ပင်​စိုက်ပျိုးပွဲတွင်​ ကျွန်းပင်​စုစု​ပေါင်း (၁၀၀) ပင်​အား စိုက်​ပျိုး​ပေးခဲ့​ကြောင်း သိရသည်​။

သုတ