မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် ခံကုန်းကျေးရွာအုပ်စုတွင် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ ကျင်းပပြုလုပ်

မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် ခံကုန်းကျေးရွာအုပ်စုတွင် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ ကျင်းပ ပြုလုပ်ရာ ပါတီဝင်တစ်ဦးမှ မိမိတို့ရွာမှ ပါတီဝင်ရခြင်းကို တင်ပြပြီး၊ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ တိုင်း အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ တိုင်းတောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်နိုင်၊ တိုင်းစည်းရုံးရေးရာတာဝန်ခံ ဦးဟန်မောင်၊ တိုင်းဥပဒေရေးရာနှင့် လုပ်ငန်းစစ်ဆေးရေး တာဝန်ခံ ဦးစောဝင်းမောင်၊ မကွေးခရိုင်ပါတီဥက္ကဌ ဦးထွန်းရှိန်၊ ခရိုင်အတွင်းရေးမှူး ဦးစိန်ရွှေမင်းနှင့် ခရိုင် ကော်မတီဝင်များ၊ မြိုနယ်ဥက္ကဌ ဦးကျော်ဝင်းမြင့်နှင့် မြို့နယ်ကော်မတီဝင်များ သက်ဆိုင်ရာ ပတ်ဝန်ကျင်အုပ်စုမှ ပါတီခေါင်းဆောင်များ တတ်ရောက်ကြပြီး တက်ရောက်အင်အား စုစုပေါင်း (၄၀၀) ကျော် တက်ရောက်ရာ တိုင်းအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ ဦးစောဝင်းမောင်နှင့်ဦးဟန်မောင်တို့မှ မိမိတို့ပါတီ ဝင်ရောက်လာခြင်း အပေါ် ဂုဏ်ယူဝမ်းမြောက်စွာကြိုဆိုပါကြောင်းနှင့် နောင်တွင်လဲ ခုလို ဆက်လက်ပြီး ပါတီတာဝန် သယ်ပိုးရင်း ပြည်သူ့အကျိုးအတွက် ကောင်းမွန်သောလမ်းကြောင်းကို ဦးတည်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။