တိုက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်းအမှတ်စဉ် (၃) ဖွင့်ပွဲကျင်းပ

 

ရန်ကုန် သြဂုတ် ၈

ရန်ကုန်တိုင်းဒေသကြီး တိုက် ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီက နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်း အမှတ်စဉ်(၃)သင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက် ၉ နာရီခွဲ တွင် ဥက္ကံဒေသ ဥက္ကံရွာမကျေးရွာ ပါဒကျောင်းတိုက်တွင် ကျင်းပ ဆောင်ရွက်သည်။

သင်တန်းဖွင့်ပွဲအား အစီအစဉ် အရ မြန်မာနိုင်ငံတော်အလံကို အလေးပြု၍ နိုင်ငံတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။
ယင်းနောက် ပါတီဗဟိုကော် မတီဝင်ဒေါက်တာနေလင်းက သင် တန်းဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးခင်မောင် မြင့်က သင်တန်းဖွင့်လှစ်ရခြင်းရည် ရွယ်ချက်များ ပြောကြားသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်း အနားသို့ဗဟိုကော်မတီဝင် ဒေါက် တာနေလင်း၊မြောက်ပိုင်းခရိုင်ကော် မတီဝင် မြို့နယ်တာဝန်ခံ ဦးဝင်းစိုး၊ တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နာယက(ပထမအကြိမ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်)ဦးဟန် စိန်၊မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင် မြင့်၊ အတွင်းရေးမှူး ဦးကျော်လင်း ဇော်နှင့်မြို့နယ်ပါတီကော်မတီဝင် များ၊ အရန်ပါတီကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ သင်တန်းသားသင် တန်းသူဦးရေ ၆ဝ နှင့်အတူ တက် ရောက်ကြကြောင်း သိရသည်။

တင်မောင်ဇော်(တိုက်ကြီး)