ပြည်နယ်ပါတီ ဘောလခဲခရိုင်နှင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဘောလခဲခရိုင်ပါတီရုံးတွင်ပြုလုပ်

 

ကယားပြည်နယ် ဘောလခဲ ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမတွင် ယနေ့နံနက် ၁ဝ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ပြည်နယ် ဘောလခဲခရိုင်နှင့် မြို့နယ်ပြည်ခိုင် ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ်ကာ ဘောလခဲခရိုင် နှင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရှေ့ဆက်ရမည့်လုပ်ငန်းများအတွက် အသေးစိတ် ဆွေးနွေးကြသည်။

ပထမဦးစွာ ပြည်နယ်ယာယီ အတွင်းရေးမှူး ဦးကျော်မြင့်က အဖွင့်အမှာစကားပြောကြားသွား သည်။

ဆက်လက်ပြီး ပြည်နယ်ကော် မတီဝင် ဦးတင်ဦး (စည်းရုံးရေး တာဝန်ခံ)၊ ပြည်နယ်ကော်မတီ ဝင် ဦးရဲဝင်း၊ ဦးကျော်သင်းနှင့် ဒေါ်ဒေါရစ်လေး(အမျိုးသမီးရေးရာ တာဝန်ခံ)တို့က အသီးသီးဆွေး နွေးခဲ့သည်။

ယင်းနောက် ဘောလခဲခရိုင် ပါတီအတွင်းရေးမှူးဦးချစ်ဦးမောင်၊ ဘောလခဲမြို့နယ် ပါတီဥက္ကဋ္ဌ ဦးစိုးရယ် (ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်)၊ အတွင်းရေးမှူး ဦးဟန်ထူးနှင့် ကော်မတီဝင်တို့က အသီးသီးဆွေးနွေးတင်ပြသွားသည်။

ယင်းနောက် ဘောလခဲမြို့နယ် ပါတီဥက္ကဋ္ဌဦးစိုးရယ်က မိုင်းထမ်း ကျေးရွာမှ ဦးယုလွင်ထံသို့လည်း ကောင်း၊ ဝမ်ချယ်ကျေးရွာမှ ဦးကျော်သိန်းထံသို့ လည်းကောင်း ကျေးရွာအဝင် ဆိုင်းဘုတ်ပြုလုပ် ရန်အတွက် အလှူငွေတစ်သိန်းစီ ဖြင့် စုစုပေါင်းငွေကျပ်(နှစ်သိန်း) ပေးအပ်လှူဒါန်းသည်။
ထို့နောက် ပြည်နယ်ကော်မတီ ဝင် လူငယ်ရေးရာဒုတိယတာဝန်ခံ ဒေါ်နန်းယဉ်သီတာထွေးကဘောလ ခဲခရိုင် လူငယ်တာဝန်ခံ ကိုချစ်ဦး မောင်ထံသို့ ဘောလုံးကိုးလုံး ပေး အပ်လှူဒါန်းသည်။

ဆက်လက်ပြီးပြည်နယ်ယာယီ အတွင်းရေးမှူး ဦးကျော်မြင့်က နိဂုံးချုပ်အမှာစကား ပြောကြား သွားသည်။

ယင်းအစည်းအဝေးသို့ ကယား ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ယာယီ အတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ်ကော်မတီဝင် ဘောလခဲ မြို့နယ်တာဝန်ခံများ ဖြစ်ကြသည့် ဒေါ်ဗျားမြာမောင်နှင့် ဦးအေးရွှေ (ပြည်နယ် လွှတ်တော်ကိုယ်စား လှယ်)၊ ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသည့် ဦးတင်ဦး၊ ဦးရဲဝင်း၊ ဦးကျော်သင်း၊ ဒေါ်မော်မော်ခိုင်၊ ဒေါ်ဒေါရစ်လေးနှင့် ဒေါ်နန်းယဉ် သီတာထွေး၊ဘောလခဲခရိုင်အတွင်း ရေးမှူး ဦးချစ်ဦးမောင်နှင့် ခရိုင် ပါတီကော်မတီဝင်များ၊ ဘောလ ခဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးရယ် (ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်)၊ အတွင်းရေးမှူး ဦးဟန်ထူးနှင့် မြို့နယ်ကော်မတီဝင် များ စုစုပေါင်းအင်အား ၃ဝ တက် ရောက်ကြောင်း သိရသည်။