ပုခန်းကျောင်းတိုက်ဆရာတော်ကြီးအား ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးနှင့်ဒေါက်တာမြင့်သိန်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ရွှေဘို၊ သြဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ပုခန်းကျောင်းတိုက်ဆရာတော် ဥူးဝိမာလအား ယမန်နေ့နံနက် ၁ဝ နာရီခွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး၊ ပါတီဗဟို အလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ တိုင်းပါတီအလုပ်အမှုဆောင် ရွှေဘိုခရိုင်တာဝန်ခံ ဦးသန်းဝင်းထွန်း၊ ခရိုင်ဥက္ကဋ္ဌ ဦးစိုးအေး၊ ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြို့နယ်ကော်မတီဝင်များက ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများကို သွားရောက်ဆက်ကပ် လှူဒါန်းကြသည်။ ယင်းနောက် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူပြီး နံနက် ၁၁ နာရီတွင် ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

မိုးစက်လုလင်