ကော့မှူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအတွေ့အကြုံရှင်း

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်ပြည်ခိုင်ဖြိုး ပါတီမှ လူငယ်ညီလာခံအတွေ့အကြုံရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်ပါတီရုံးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားကို နိုင်ငံ တော်အလံအား သံပြိုင်သီဆို အလေးပြုလျက်ဖွင့်လှစ်ခဲ့ပြီး နယ် မြေတာဝန်ခံ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ကိုကိုးကျွန်းတိုင်း ဒေသကြီးကိုယ်စားလှယ် ဦးတင် ဝင်းက အဖွင့်အမှာစကား ပြော ကြားကာ တက်ရောက်လာသော မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာ များမှ ပါတီဝင်များအား နွေးထွေး စွာ ကြိုဆိုကြောင်းပြောကြား၍ ပါတီ၏ မူဝါဒများအားရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တောင် ပိုင်းခရိုင် လူငယ်တာဝန်ခံ ဦးရန် နိုင်ရွှေက လူငယ်ပါတီဝင်များ သိသင့်သော မူဝါဒများကိုရှင်းလင်း ပြောကြားကာ ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော် ဇင်ဟိန်းက အနာဂတ်နိုင်ငံတော်၏ ဦးဆောင်ကြယ်ပွင့်များ ဖြစ်လာ မည့် ယနေ့လူငယ်ထု၏ အခန်း ကဏ္ဍသည် တိုင်းပြည်အတွက် အရေးကြီး အခန်းကဏ္ဍတစ်ခုဖြစ် ပြီး ပြည်ခိုင်ဖြိုးပါတီ၏ ပြုစု ပျိုးထောင်ပေးနေသော နိုင်ငံရေး မျိုးဆက်သစ် ပန်းခင်းများသဖွယ် လူငယ်များ၏ တစ်ဦးချင်း အရည် အသွေးပြည့်မီအောင် ပါတီမှ သင် တန်းများ၊ လေ့ကျင့်မှုများပေးနေ ခြင်းသည် ပြည်ခိုင်ဖြိုး၏ ဖြောင့် တန်းစစ်မှန်သည့် နိုင်ငံရေးမူဝါဒ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကော့မှူးမြို့နယ် လူငယ်ကိုယ်စားလှယ်များဖြစ် ကြသည့် ဦးနန္ဒ၊ ဦးကိုကိုလွင်တို့က လူငယ်ညီလာခံအတွေ့အကြုံများ ထပ်ဆင့်ရှင်းလင်း၍ တက်ရောက် လာသူပါတီဝင်များက အပြန်အလှန် ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ရပ်ကွက်ကျေးရွာများမှ ပါတီဝင် ၁ဝဝ ကျော်ခန့်တက်ရောက်ခဲ့ပြီး မွန်းလွဲ ၃ နာရီတွင်ပြီးဆုံးခဲ့ကြောင်း သိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)