ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်တွင် ကျင်းပသည့်၂၀၁၈ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်

 

နေပြည်တော်၊ ဇူလိုင် ၃၁

ယနေ့ညနေ ၄ နာရီချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်သည့် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်၍ ရတနာတန်းဝင် (ကျွန်းပင်)အား ဦးဆောင် စိုက်ပျိုးပေးခဲ့သည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်မှုဆောင်များ၊ ဗဟိုကော်မတီဝင်များနှင့်အတူ ပါတီဌာနချုပ်ရှိ ၀န်ထမ်းများမှ ရတနာတန်းဝင် သစ်ပင်များအား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။