တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) အမှတ်စဉ် (၂) ဖွင့်ပွဲ ကျင်းပပြုလုပ်

 

တောင်တွင်းကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ယနေ့ ဇူလှိုင် ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ်ပါတီရုံး၌ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) အမှတ်စဉ် (၂) ဖွင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မကွေးတိုင်းအတွင်းရေးမှူး ဦးဆန်းညွှန်အောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်သိန်းမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသွားခဲ့သည်။ သင်တန်းအခမ်းအနားတွင် ရက်ကွက်နှင့် ကျေးရွာအုပ်စုဥက္ကဋ္ဌများ၊ လူငယ်ပါတီဝင်များ စုစုပေါင်း (၅၂)ဦး တက်ရောက်ကြောင်း သိရသည်။

သန်းတိုးအောင်