ပျဉ်းမနားပြည်ခိုင်ဖြိုးပါတီမှ လူငယ်ညီလာခံ(၂၀၁၈)၊ လေ့လာရေးခရီးစဉ်များ အတွေ့အကြုံရှင်းလင်းပွဲနှင့် မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ်အစည်းအဝေးကျင်းပ

 

ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် လူငယ်ညီလာခံ(၂၀၁၈)နှင့် လေ့လာရေးခရီးစဉ်များ အတွေ့အကြုံရှင်းလင်းပွဲ၊ မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ်အစည်းအဝေး (၇/၂၀၁၈)ကို ယနေ့ (၉-၇-၂၀၁၈)ရက်နေ့ နံနက် နံနက် ၉နာရီမှ နေ့လည် ၁၂နာရီအထိ မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ ကော်မတီဝင် ဦးဝင်းမြင့် မြို့နယ်ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီနှင့် မြို့နယ်ကော်မတီဝင်များ ရပ်ကျေးပါတီဥက္ကဌများနှင့် လူငယ်ပါတီဝင် သီဟသွေးများ တက်ရောက်ကြပြီး ပုဗ္ဗသီရိမြို့နယ်မှ လူငယ်သီဟသွေးများ လေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ ပြည်ထောင်စုနယ်မြေကော်မတီဝင် ဦးဝင်းမြင့် အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီမှ ပါတီလုပ်ငန်းများဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုနယ်မြေ လူငယ်လှုပ်ရှားမှု အဖွဲ့ဝင် ကိုအောင်နိုင်စိုးနှင့် လူငယ်လှုပ်ရှားမှုတာဝန်ခံ ကိုထက်မင်းအောင်တို့မှ ဗဟိုလူငယ်ညီလာခံ ၂၀၁၈ နှင့် လူငယ်လေ့လာရေးခရီးစဉ်များနှင့် စပ်လျဉ်း၍ အတွေ့အကြုံများ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် ရပ်ကျေးပါတီဥက္ကဌများနှင့် ကော်မတီဝင်များကို ပါတီဝတ်စုံပုဆိုးများ မဲဖောက်ပေးခဲ့ကြောင်း သိရသည်။