ကလေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အခြေခံကွန်ပျူတာသင်တန်းဖွင့်

ကလေး၊ ဒီဇင်ဘာ ၎

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ် သော အခြေခံကွန်ပျူတာသင်တန်းအား ယမန်နေ့နံနက် ၉ နာရီတွင် ပြည်ခိုင်ဖြိုးရုံးခန်းမတွင် ဖွင့်လှစ်ခဲ့ရာ သင်တန်းနည်ပြဆရာ ဦးချစ်လင်း၊ ဆရာမ ဒေါ်ငွေဇင်ထွေး၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြပြီး ပါတီမှတာဝန်ရှိလူကြီးများ နှင့် တိုင်းပါတီကော်မတီဝင် ကလေးခရိုင်တာဝန်ခံ ဦးခင်မောင်သန်း တက်ရောက် အဖွင့်အမှာစကား ပြောကြား၍ ခရိုင်ပါတီဥက္ကဋ္ဌက မိတ်ဆက်စကားပြောကြားပြီး သင်တန်းကို တစ်လတိတိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင် အသက်ကန့်သတ်ချက်မထားသလို ပညာအရည်အချင်းလည်း ကန့်သတ်ထားခြင်းမရှိကြောင်း၊ မည်သူမဆို စိတ်ဝင်စားလျှင် လာရောက်တက်ရောက်နိုင်ကြောင်း မြို့နယ်ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းက ရှင်းပြသည်။သင်တန်းအား မြို့နယ်အတွင်းရေးမှူး ဦးနန်ခန်းကျင်က စီစဉ်ဆောင်ရွက်ထား ရှိပြီး တစ်ရက်လျှင် အချိန်ငါးချိန်ခွဲပြီး ကွန်ပျူတာ အလုံး ၃ဝ ဖြင့် သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

ဂျွိုင်းဆက်(ကလေး)