ဥရောပ၀င်ခွင့်ပိတ်ပင်ခံလိုက်ရတဲ့ အေစီမီလန်

ယူအီးအက်ဖ်အေက ချမှတ်ထားတဲ့ ဘဏ္ဍာရေးမျှခြေရှိရေးဆိုင်ရာစည်းမျဉ်းကို ချိုးဖောက်မှုကြောင့် အေစီမီလန် အသင်း ကို ဥရောပ၀င်ခွင့် ၂ နှစ်ပိတ်ပင်လိုက်ပြီလို့ တရားဝင် ဆုံးဖြတ်ချက်ချမှတ် လိုက်ပါတယ်။

အေစီမီလန်အသင်းက တင်ပြတဲ့ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်တွေဟာ ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းနဲ့ ကိုက်ညီမှု မရှိတဲ့အပြင် ငွေကြေးစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ အခြေအနေမျိုးမရှိတာကြောင့် ဥရောပ၀င်ခွင့် ၂ နှစ် ပိတ်ပင်ဖို့ ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ပြစ်ဒဏ်ချမှတ် လိုက်တာဖြစ်ပါတယ်။ အေစီမီလန်ဟာ ဒီဆုံးဖြတ်ချက်အတွက် အားကစားအငြင်းပွားမှုဆိုင်ရာခုံရုံး (CAS) ကို အယူခံဝင်ခွင့်ရှိပြီး အေစီမီလန်ဘက်ကလည်း အယူခံဝင်ဖို့ စီစဉ်ထားပေမယ့် ယူအီးအက်ဖ်အေရဲ့ပြစ်ဒဏ်ကို ပြန်လည် ပယ်ဖျက်ဖို့ မလွယ်ကူနိုင်တဲ့အကြောင်း သုံးသပ်ထားကြပါတယ်။

အေစီမီလန်ဟာ လာမယ့်ရာသီသစ် အတွက် ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိထားပြီး သူတို့အသင်းနေရာမှာ အတ္တလန္တာအသင်းက အစားဝင်ရောက်ခွင့် ရမှာဖြစ်ပေမယ့် စီးရီးဇယားအောက်က ကပ်လျက်ရပ်တည်ခဲ့တဲ့ ဖီအိုရင်တီးနားကို ယူရိုပါလိဂ် ၀င်ခွင့်ပေးရေး အတွက်တော့ ယူအီးအက်ဖ်အေက အတည်ပြုခြင်း မရှိသေးပါဘူး။ အေစီမီလန်နဲ့ ပတ်သက်တဲ့ဆုံးဖြတ် အသေးစိတ်ကို မကြာမီမှာ ယူအီးအက်ဖ်အေရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကနေ ကြေညာ သွားမယ်လို့လည်း သိရပါတယ်။ အေစီမီလန်အပေါ် ချမှတ်လိုက်တဲ့ပြစ်ဒဏ်ဟာ ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးမျှခြေရှိရေး ဆိုင်ရာ စည်းမျဉ်းချိုးဖောက်မှုအပေါ် အပြင်းထန်ဆုံးအရေးယူမှုလည်းဖြစ်သွားခဲ့ပြီး ဒါဟာ အေစီမီလန်ကို စံနမူနာပြ ပြစ်ဒဏ်ချမှတ်ကာ ပီအက်စ်ဂျီတို့လို ငွေသုံးကြမ်းတဲ့ အသင်းတွေကို သတိပေးလိုက် တာလည်း ဖြစ်တယ်လို့ ဆိုကြပါတယ်။

 

-Ref; Sky sports