ဆီမိုနာဟာလက် ပထမဆုံး ဂရင်းဆလမ်ဖလား ဆွတ်ခူး

ကမ္ဘာ့နံပါတ် (၁) တင်းနစ် မယ်ဆီမိုနာဟာလက် သည် ပြင်သစ်အိုးပင်းဗိုလ်လုပွဲတွင် အမေရိကန်မှ စတုန်း စတီဗင်ကို ၃-၆၊ ၆-၄၊ ၆-၁ ဖြင့် အနိုင်ရရှိပြီး ပထမဆုံးဂရင်းဆလမ်ဖလားကို သိမ်းပိုက်ခဲ့သည်။

ရိုမေးနီးယားသူ ဆီမိုနာဟာလက်သည် ပြင်သစ်အိုးပင်းဗိုလ်လုပွဲ နှစ်ကြိမ်ရှုံးနိမ့်ခဲ့ပြီး ယခုနှစ် သြစတြေးလျ အိုးပင်းတွင်လည်း ဒုတိယဆုနှင့်သာ ကျေနပ်ခဲ့ရကာ စတုတ္ထအကြိမ်မြောက်၌ ပထမဆုံး ဂရင်းဆလမ်ဖလား ရရှိခြင်း ဖြစ်သည်။

၎င်းသည် ဂရင်းဆလမ်တစ် ဦးချင်းဆုကို ဒုတိယမြောက် ဆွတ်ခူးသော ရိုမေနီးယားနိုင်ငံသူ ဖြစ်ပြီး ၎င်း၏ မန်နေဂျာ မာဂျီနီးယား ဂူဇီစီသည် လွန်ခဲ့သော နှစ်(၂၀)က ပြင်သစ်အိုးပင်းတွင် ဗိုလ်စွဲသော ပထမဆုံး ရိုမေးနီးယား သူ ဖြစ်သည်။

မိမိအသက် (၁၄) နှစ်အရွယ်က တင်းနစ်  စတင်ကစားခဲ့ချိန်ကပင် ဂရင်းဆလမ်ချန်ပီယံ ဖြစ်ရေး အိပ်မက် မက်ခဲ့သည်ဟု ရိုလန်ဂါးရော့ကွင်း ပရိသတ်ကို  ကျေးဇူးတင်စကား ပြောကြားရာတွင် ဆီမိုနာဟာလက်က ထည့်သွင်း ပြောကြားသည်။

—Ref:AP