ဒါလော့တ်ကို ပေါင် ၁၉ သန်းနဲ့ မန်ယူ ခေါ်ယူ

မန်ယူအသင်းဟာ ပေါ်တို ညာနောက်ခံလူ ဒီယိုဂိုဒါလော့တ်ကို ပေါင် ၁၉ သန်းနဲ့ ခေါ်ပြီး ၅ နှစ် စာချုပ် လိုက်တယ်လို့ သိရပါတယ်။ အသက် ၁၉ နှစ်သာရှိသေးတဲ့ ဒါလော့တ်ဟာ ဒီကနေ့ မနက်ပိုင်းကဆေးစစ်မှု အောင်မြင်ပြီးနောက် စာချုပ် လက်မှတ်ရေးထိုးလိုက်တာဖြစ်ပါတယ်။

နည်းပြမော်ရင်ဟိုက ဒါလော့တ်ဟာ မန်ယူအတွက် ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတစ်ဦး အလျင်အမြန် ဖြစ်လာမယ့် အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားကြောင်း၊ ခံစစ်အစွန်လူ တစ်ဦးအတွက် လိုအပ်တဲ့ ရုပ်ပိုင်းဆိုင်ရာကြံခိုင်မှုအပိုင်း၊ နည်းဗျူဟာပိုင်းဆိုင်ရာ ထိုးထွင်းဥာဏ်ရှိသလို နည်းစနစ်ပိုင်းဆိုင်ရာ အရည်အသွေး ရှိပြီး ပေါ်တိုအကယ်ဒမီက ထွက်လာတဲ့ လူငယ်ဖြစ်တဲ့ အတွက် ပရော်ဖက်ရှင်နယ်ပီသမယ့် အလားအလာကောင်း တွေကိုလည်း ပိုင်ဆိုင်ထားတဲ့သူဖြစ်ကြောင်း ပြောသွားပါတယ်။

ဒါလော့တ်ဟာ ပေါ်တိုအသင်းကြီးအတွက် ၇ ပွဲသာ ကစားခဲ့ရသူဖြစ်ပြီး သူ့ကို ဗလန်စီယာရဲ့နေရာမှာ ရေရှည် အစားထိုးဖို့အတွက် မော်ရင်ဟိုက ရည်ရွယ်ထားတာဖြစ်ပါတယ်။ သူဟာပေါ်တူဂီ ယူ ၂၁ လက်ရွေးစင် တစ်ဦးလည်း ဖြစ်ပါတယ်။

 

90Minutes