ပရိသတ်တွေနဲ့အတူ အလှူအတန်း တစ်ခု ပြုလုပ်သွားမယ့် အောင်လအန်ဆန်

မြန်မာပြည်မှာ မစ်ဒယ်ဝိတ်ရွှေခါးပတ်ကို ကာကွယ်ရမယ့် အောင်လအန်ဆန်က အဆိုပါ ပွဲစဉ်မှာ အလှူအတန်း တစ်ခု ပြုလုပ်သွားမယ်လို့ ထုတ် ဖော်ပြောလာခဲ့ပါတယ်။ အောင်လအန်ဆန်ရဲ့ အဆိုပါ ပွဲစဉ်အတွက် ပွဲကြို လက်မှတ်တွေကို ရောင်းချပေးလျက်ရှိနေပြီး ပရိသတ်များ အနေနဲ့ လက်မှတ်များကို ၀ယ်ယူ ရင်း အောင်လအန်ဆန်နဲ့အတူ အလှူအတန်း တစ်ခုမှာ ပူးပေါင်းပါဝင်နိုင်မှာ လည်း ဖြစ်ပါတယ်။

“ပညာရေးနဲ့အသိဥာဏ်ပညာကသာ လူတွေရဲ့ အနာဂတ်အောင်မြင်ဖို့ ပြောင်းလဲပေးနိုင်မယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်။ ပြီးတော့ ဆင်းရဲနွမ်းပါးလွန်းတဲ့အခြေအနေတွေကိုလည်း ပညာရေးကသာအောင်မြင်အောင် ကျော်လွှားစေနိုင်တယ်။ အဲ့ဒီအပြင်ပညာတတ်တွေနဲ့လူတော် တွေကပဲလူ့အဖွဲ့အစည်းကို တိုးတက်အောင် စွမ်းဆောင်နိုင်မယ်လို့လည်း ယုံကြည်ထားတယ်။ ဒါကြောင့် ကျွန်တော့်မှာ အစီအစဉ်တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ ONEAUNGLA ဆိုတဲ့ Promo code သုံးပြီးပညာရေးအတွက် ၀ိုင်းဝန်းပေးမယ့် အစီအစဉ်ပါ။” လို့ အောင်လအန်ဆန်က ၎င်းရဲ့ ကိုယ်ပိုင် လူမှု ကွန်ရက်မှတဆင့် ပြောပြထားပါတယ်။

ပရိသတ်တွေအနေနဲ့ ပြိုင်ပွဲ လက်မှတ် ၀ယ်ယူတဲ့အခါမှာ အဆိုပါ ONEAUNGLA ဆိုတဲ့ ပရိုမိုးရှင်း ကုဒ်နာမည်လေးကို ပြောပြလိုက်ရုံနဲ့ လက်မှတ်တစ်စောင်ရဲ့ ၂၅ ရာ ခိုင်နှုန်းသော ငွေကြေးတွေဟာ အောင်လ အန်ဆန်ရဲ့ အလှူငွေတွေ ဖြစ်သွားမှာလည်း ဖြစ်ပါတယ်။

“ဒီတော့လာမယ့် june 29 ရက်ကစားမယ့် ကျွန်တော့်ပွဲအတွက် သုဝဏ္ဍကစားကွင်းမှာ လက်မှတ်ဝယ်တဲ့အခါမှာ ONEAUNGLA ဆိုတဲ့ Promo code ကိုပြောပြီးဝယ်ရင် လက်မှတ်တန်ဖိုးရဲ့ ၂၅ ရာခိုင်နှူန်းကို Discount ရမှာဖြစ်ပါတယ်။ ဒီတော့ ONEAUNGLA Promo code သုံးပြီးဝယ်မယ့်လက်မှတ်ခတွေကနေ ကျွန်တော်လှူမယ့် ပညာရေးအလှူတွေမှာ ပါဝင်မှာ ဖြစ်ပါတယ်။” လို့ အောင်လက ဆက်လက်ပြောထားပါတယ်။

ပညာရေးအဖွဲ့အစည်းတွေ၊ NGOတွေအနေနဲ့လည်း အောင်လအန်ဆန်ရဲ့ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာမှ Psotရဲ့ အောက်မှာ ပညာရေးငွေကြေးအထောက်အပံ့တွေ အတွက်အကြံပြု တင်ပြနိုင်ကြောင်းနဲ့ ပိုကောင်းတဲ့ မနက်ဖန်တွေဖြစ်လာဖို့ ဒီနေ့မှာပဲ အပြောင်းအလဲတွေအတူတူ စတင်ရအောင်လားလို့ အောင်လအန်ဆန်က ဆော်သြထားပါတယ်။

အောင်လအန်ဆန်အနေနဲ့ ပြီးခဲ့တဲ့ ပွဲစဉ်တွေကလည်း ယခုလိုပဲ လူမှုအကျိုးပြု အစီအစဉ်တွေကို ပြုလုပ်ပေးခဲ့ဖူးပြီး ပညာရေးကို ပိုမိုအားပေးတဲ့ အလှူအတန်းတွေကို ပြုလုပ်ခဲ့ကာ ယခုတစ်ဖန်လည်း ချို့တဲ့ကလေးငယ်များအတွက် အဓိက ကူညီထောက်ပံ့ပေးသွားမယ့် ပညာရေးအစီအစဉ်အတစ်ခုကို ပရိသတ်တွေအားနဲ့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

အောင်လအန်ဆန်ရဲ့ ပွဲစဉ်ကို ၂၉ ရက်နေ့မှာ ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပြီး အောင်လအန်ဆန်အနေနဲ့ မစ်ဒယ်ဝိတ် ရွှေခါးပတ်ကာကွယ်ပွဲအဖြစ် ဂျပန်မှ ကမ်ဟာဆီဂါဝါနဲ့ ထိုးသတ်ရမှာ ဖြစ်ပါတယ်။ 

Source: Duwun