မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူမှုကွန်ရက်ဖြင့် ပြည်သူ့အကျိုးပြုနည်းသင်တန်း ဖွင့်လှစ်

မြန်အောင်၊ မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် မြို့နယ်ပါတီရုံးခန်းမ၌ လူမှုကွန်ရက်ဖြင့် ပြည်သူ့အကျိုးပြုနည်းသင်တန်းအား ယမန်နေ့နံနက် ၉ နာရီခွဲတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးတင်ဝင်း က အမှာစကားပြောကြားခဲ့ပြီး သင်တန်းဖွင့်လှစ်ရခြင်းနှင့် ရည်ရွယ်ချက်ကို မြို့နယ်ပါတီအတွင်းရေးမှူး ဦးနေဝင်းဇော်က ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော သင်တန်းသားများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး သင်တန်းနည်းပြဆရာများဖြစ်ကြသော DVB သတင်းထောက် ဦးကိုကိုကြည်၊ ဧရာဝတီသတင်းထောက် ဧရာဦးသာတို့က သင်တန်းဆိုင်ရာဘာသာရပ်များကို သင်ကြားပို့ချခဲ့ကြကြောင်း သိရ သည်။ အဆိုပါသင်တန်းဖွင့်ပွဲသို့ မြို့နယ်/အရန်ပါတီကော်မတီဝင်များနှင့် သင်တန်းသားသင်တန်းသူ ၃၅ ဦး စုစုပေါင်း ၅ဝ ခန့် တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ နှစ်ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ဇင်မိုးလေး(မြန်အောင်)