ထားဝယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရှမ္မတွင်းကျေးရွာ၊ သုသာန်နားနေဆောင် ဆောက်လုပ်ရာ၌ အလှူငွေများ လှူဒါန်း

 

ထားဝယ်၊စက်တင်ဘာ ၇

ထားဝယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှဥက္ကဋ္ဌ ဦးယုနိုင်၊ အတွင်းရေးမှူး ဦးအောင်မျိုးထွန်း နှင့်မြို့နယ်ကော်မတီဝင်များသည် ယနေ့နံနက်၉နာရီတွင် ရှမ္မတွင်းကျေးရွာရှိ သုသာန်အတွင်းမြတ်ဒါန နာရေးကူညီမှု အသင်းမှ နားနေဆောင်ဆောက်လုပ်‌လျှက်ရှိသည့် နေရာသို့ နယ်မြေတာဝန်ခံ ဦးဝင်းမြင့်နှင့် ရှမ္မတွင်း ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌ ဒေါ်ထွန်းကြူတို့နှင့်အတူ သွားရောက်၍ အလှူငွေနှစ်သိန်းကျပ်အား ပါဝင် လှူဒါန်းရာ နားနေဆောင် ဆောက်လုပ်ရေးတာဝန်ခံ ဦးကျော်စွာဝင်းမှ လက်ခံရယူ၍ ကျေးဇူးတင်စကားများ ပြောကြားပြီး သာဓုထောပနာ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ် ခဲ့ကြောင်းသိရသည်။

ခွန်အောင်ကျော်စွာ