မြောင်းမြပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီနှင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်း အဝေးနှင့် ပြန်လည်ပြင်ဆင်ရွေးချယ် ဖွဲ့စည်းရေး အခမ်းအနားကို ဇွန်လ (၂၀) ရက်က မြောင်းမြခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပါတီကော်မတီ ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းပွဲတွင် မြောင်းမြမြို့နယ် ပါတီကော်မတီအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော ပုဂ္ဂိုလ်များမှာ- (၁) ဦးဝင်းမော်၊ (၂) ဦးစိုးနိုင်၊ (၃) ဦးဟန်ချစ်၊ (၄) ဦးတင်လတ်၊ (၅) ဦးတင်မြိုင်၊ (၆) ဦးလှမြင့်ထူး၊ (၇) ဦးမန်းချစ်သန်း၊ (၈) ဦးမျိုးညွန့် (၉) ဦးကျော်ကျော်တိုး၊ (၁၀) ဦးအောင်နိုင်ဦး၊ (၁၁) ဦးကျော်မင်းဦး၊ (၁၂) ဦးထွန်းထွန်းနိုင်၊ (၁၃) ဒေါ်အိခိုင်စိုး၊ (၁၄) ဒေါ်ဌေးဌေးဝင်း၊ (၁၅) ဦးမြင့်စံ၊ (၁၆) ဦးမောင်ထွေးတို့မှ မြောင်းမြမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရကြောင်း သိရသည်။

USDP Ayeyarwady Region News


Leave a Reply