စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

မုံရွာ၊ မေ – ၂၁

 စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများ နှင့် ခရိုင်မီဒီယာတာဝန်ခံများ အစည်းအဝေးကို ယမန်နေ့နံနက် ( ၉ ) နာရီအချိန်က တိုင်းပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်တိုင်းပါတီဥက္ကဌ ဒေါက်တာမြင့်သိန်းက အဖွင့်အမှာစကားပြောကြားပြီး ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှ လမ်းညွှန်ချက် များကို ပြန်လည်ရှင်းလင်းခဲ့ပါသည်။

ဆက်လက်ပြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦးက ပါတီရှေ့လုပ်ငန်းစဉ်းများနှင့်ပတ်သတ်၍ ရှင်းလင်း ပြောကြားခဲ့ကာ ခရိုင်ပါတီဥက္ကဌများနှင့် ခရိုင်ကော်မတီဝင်များက တစ်ဦးချင်း တင်ပြဆွေးနွေးခဲ့ပါသည်။ ထို့နောက်တွင် တိုင်းပါတီဥက္ကဌ ဒေါက်တာမြင့်သိန်းမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေးကို ညနေ ၄ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။