ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ (၄၇)ကြိမ် မြောက်သွေးလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ (၄၇)ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲကို ယနေ့နံနက် ၁ဝ နာရီက ရန်ကုန်ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးဌာနတွင်ပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ ဝင်ဦးတင်လှိုင်နှင့် ဦးတင်ဝင်း၊ ရန်ကုန်အနောက်ပိုင်းခရိုင် ပါတီ ဥက္ကဋ္ဌဦးနေဝင်းနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊အနောက်ပိုင်းခရိုင် ၁၃ မြို့နယ် ပါတီဥက္ကဋ္ဌများနှင့် ၁၃ မြို့နယ်မှ သွေးလှူဒါန်း မည့်ပါတီဝင်များ အင်အား ၁၁ဝ တက်ရောက်ခဲ့သည်။
အစီအစဉ်အရပါတီဗဟို ကော်မတီဝင်ဦးတင်ဝင်းက သွေးလှူဒါန်းရခြင်းအကြောင်း ကိုရှင်းလင်းပြောကြားသည်။ ထို့နောက် အမျိုးသားသွေး လှူဘဏ်မှ တာဝန်ရှိသူက ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီးသွေးလှူဒါန်းနေ သူများကို လှည့်လည်ကြည့်ရှု အားပေးစကားပြောကြားခဲ့ ကြောင်းသိရသည်။

ထိန်ဝင်း(YGN)