အမေရိကန်နဲ့ တောင်ကိုရီးယား ပုံမှန်စစ်ရေးလေ့ကျင့်မှု ပြန်စ

မြောက်ကိုရီးယားနဲ့ သံရေးတမန်ရေးဆိုင်ရာ ပြဿနာတွေ ပြေလျော့လာနေချိန်အတွင်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့ တနင်္ဂနွေနေ့က ပုံမှန်ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ ပြန်လည် စတင်ခဲ့ကြပါတယ်။

အမေရိကန်စစ်သည် တသောင်းတထောင်ကျော်နဲ့ တောင်ကိုရီးယားစစ်သား သုံးသိန်းနီးပါး ပါဝင်လေ့ကျင့်ကြမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာ ပြီးခဲ့သောနှစ်တွေတုန်းကလို အမေရိကန် လေယာဉ်တင်သင်္ဘောကြီးတွေ၊ နျူကလီးယား ရေငုပ်သင်္ဘောကြီးတွေ မပါဝင်ဘူးလို့လည်းသိရပြီး၊ လေ့ကျင့်ချိန်ကလည်း ခါတိုင်းလို သီတင်းရှစ်ပတ်နီးပါး မဟုတ်ဘဲ၊ သီတင်း လေးပတ်သာ ကြာမှာဖြစ်ပါတယ်။

အခုလို နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုတွေ လျှော့ချလိုက်တာဟာ မြောက်ကိုရီးယားနဲ့ စတင် နွေးထွေးစဆက်ဆံရေး ဆက်လက်တည်တံ့နေဖို့ဖြစ်တယ်လို့ သတင်းတွေမှာဖေါ်ပြကြပါတယ်။

လာမယ့် ဧပြီလ ၂၇ ရက်နေ့မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ တောင်ကိုရီးယားသမ္မတတို့ တွေ့ဆုံဆွေးနွေးကြဖို့ စီစဉ်ထားပြီး၊ မေလအတွင်း မြောက်ကိုရီးယားနဲ့ အမေရိကန် အစိုးရတို့ တွေ့ဆုံဆွေးနွေး ကြဖွယ် ရှိပါတယ်။

-Ref; RFA