နိုင်ငံတကာဆွေးနွေးပွဲပြီးနောက် ပါပူးဝါးနယူးဂီနီနိုင်ငံတွင် ကားအစီးရေ ၃၀၀ ခန့်ပျောက်ဆုံး

ယမန်နှစ်က အာရှ-ပစိဖိတ် စီးပွားရေးပူး ပေါင်းဆောင်ရွက်ရေးညီလာခံ အေပက်အတွင်းအရာရှိများသို့ ငှားရမ်းထားသော ကားအစီးရေ ၃၀၀ ခန့်ပြန်လည်ရရှိရေး ပါပူးဝါး နယူးဂီနီရဲတပ်ဖွဲ့က ကြိုးပမ်းနေသည်။

ယင်းဇိမ်ခံကားများကို ဆင်းရဲမွဲတေမှုကြောင့် အခက်ကြုံနေသော နိုင်ငံသို့လာရောက်သော ခေါင်းဆောင်များ စတိုင်ရှိရှိ မောင်းနှင်ရန် ပြည်ပမှတင်သွင်းခဲ့ခြင်းဖြစ်သည်။ သို့သော် ကားများအနက် ၂၈၄ စီးပျောက်ဆုံးနေ ကြောင်း ရဲမှူးတစ်ဦးက ပြော သည်။

ယင်းကားများတွင် Land Cruisers, Fords, Mazdas နှင့် Pajeros အမျိုးအစားတို့ပါဝင်ကြောင်း ရဲမှူး ဒန်းနစ်ကော်တိုရန် က ပြောသည်။

ပါပူးဝါးနယူးဂီနီနိုင်ငံ၏ မြို့တော် ပို့တ်မိုရက်စ်ဘီတွင် ယင်းကားများကို ရှာဖွေရေးအထူးရဲ တပ်ဖွဲ့ ဖွဲ့စည်းထားသည်။

ကံကောင်းထောက်မစွာဖြင့် တစ်စီးလျှင် ကန်ဒေါ်လာ ၇၅,၀၀၀ တန်ဖိုးရှိသော တန်ဖိုးအရှိဆုံး Maseratis ကားများကို ပြန်ရှာတွေ့ခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

Maseratis ကားအစီး ၄၀ နှင့် Bentleys ကားသုံးစီးကို ထိပ်တန်းအဆင့်အခြေအနေမျိုးဖြင့် ရှာတွေ့ခဲ့ပြီး ကားကိုးစီး ခိုးယူခံရကာ ကားပစ္စည်းများထုတ်ယူထားကြောင်း သိရသည်။ အခြားကားများသည် ဆိုးရွားစွာ ထိခိုက်ပျက်စီးနေသော အနေအထားဖြင့် ပြန်လည်လက်ခံရရှိခဲ့ကြောင်း ရဲတပ် ဖွဲ့က ပြောသည်။

လူဦးရေ ၇ ဒသမ ၃ သန်းရှိသော ယင်းတောင်ပစိဖိတ်နိုင်ငံ၏ ခေါင်းဆောင်များက နိုင်ငံတကာ ညီလာခံ ကျင်းပခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ၎င်းတို့အပေါ် နိုင်ငံတကာက အာရုံစိုက်မှုရှိလာမည်ဟု မျှော်လင့်ခဲ့သည်။

—Ref:BBC