ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ပုဗ္ဗသီရိမြို့နယ် ပုဇွန်ဆိပ်ကျေးရွာအုပ်စု ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲကျင်းပ

 

နေပြည်တော် မတ် ၃၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ပုဗ္ဗသီရိမြို့နယ် ပုဇွန်ဆိပ်ကျေးရွာအုပ်စု ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲကို ယနေ့ နံနက် ကိုးနာရီတိတိ အချိန်တွင်ကျင်းပ   ခဲ့ကြောင်း သိရသည်။အခမ်းအနားတွင်ဗဟိုအတွင်းရေးမှူးဒေါက်တာကျော်ကျော်ဌေး ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်နှင့်ဗဟိုကော်မတီဝင်များ ပြည်ထောင်စုနယ်မြေဥက္ကဌ ဦးဝေလွင်နှင့် ပြည်ထောင်စုနယ်မြေနာယကများ မြို့နယ်အသီးသီးမှ မြို့နယ်ဥက္ကဌများ စုပေါင်းအဆိုပြုလွှာ
ပေးအပ်ခဲ့ကြသည့် ပါတီဝင်များ ရပ်ကျေးပါတီဝင်များ စုစုပေါင်း လူဦးရေတစ်ထောင်ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ရှေးဦးစွာအခမ်းအနားကို နိုင်ငံတော်သီချင်းသံပြိုင်ရွတ်ဆို၍
ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုနယ်မြေဥက္ကဌဦးဝေလွင်မှကြိုဆိုနူတ်ခွန်းဆက် စကားပြောကြာခဲ့ပြီး ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးမှ အမှာစကား
ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပုဗ္ဗသီရိမြို့နယ် ပုဇွန်ဆိပ်ကျေးရွာအုပ်စု ပုဇွန်ဆိပ်ကျေးရွာ ရပ်ကျေးပါတီဥက္ကဌ ဦးမင်းခင် ကန်ဇွန်းအင်းကျေးရွာ ရပ်ကျေးပါတီဥက္ကဌ ဦးမင်းမင်း သံပုရာကုန်းကျေးရွာ ရပ်ကျေးပါတီဥက္ကဌ ဦးအောင်ဒင် နှင့်သူဌေးကုန်းကျေးရွာရပ်ကျေးပါတီဥက္ကဌ ဦးလေးလွင်တို့မှ ပါတီဝင်အဆိုပြုလွှာများ ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ
မြို့နယ်တာဝန်ခံများမှ လက်ခံရယူခဲ့ပါသည်။
၎င်းနောက် ပါတီဝင်ရောက်လာသူများအား ပါတီရင်ထိုးများတပ်ဆင်ပေးခဲ့ပြီး အခမ်းအနားကို ကေသရာဇာခြင်္သေ့သီချင်းဖြင့် ရုတ်သိမ်းခဲ့ပါသည်။