တံတားဦးမြို့နယ် ခေါင်းကွဲကျေးရွာမှ မီးဘေးသင့်ပြည်သူများအား တိုင်းဒေသကြီး ခရိုင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီများစုပေါင်း၍ ဆန်ဆီနှင့်အလှူငွေများ ထပ်မံထောက်ပံ့ကူညီအားပေး

 

တံတားဦး မတ် ၂၈

မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့ နယ် ခေါင်းကွဲရွာရှိ မီးဘေးသင့် ပြည်သူများအား မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီများမှ စုပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါရွာသို့ သွားရောက် ကာ ဆန်ဆီနှင့်အလှူငွေများ ထပ်မံ ထောက်ပံ့ကူညီအားပေးခဲ့သည်။

ထိုသို့ ကူညီထောက်ပံ့ရာသို့ ကျောက်ဆည်ခရိုင် နယ်မြေတာဝန်ခံ မန္တလေးတိုင်းဒေသကြီး ပါတီ ကော်မတီဝင် ဒေါ်သိင်္ဂီအောင်၊ ကျောက်ဆည်ခရိုင်ပါတီကော်မတီ ဝင် ဒေါ်ခင်နွယ်မြင့်၊ တံတားဦး မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ဥက္ကဋ္ဌများ၊ ပါတီဝင်များလိုက်ပါ ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီမှ ကူညီ ထောက်ပံ့သော ဆန်၊ ဆီနှင့်အလှူ ငွေများကို ထောက်ပံ့ကူညီခဲ့သည့် အပြင် မီးဘေးသင့်ခဲ့သော နေရာ အား သန့်ရှင်းရေးကူညီဆောင်ရွက် ပေးနေသည့် ခေါင်းကွဲကျေးရွာမှ လူငယ်များအား အချိုရည်များဒါန ပြုတိုက်ကျွေးခဲ့ကာ ဒေါ်သိင်္ဂီအောင် ဦးဆောင်သော ပြည်ခိုင်ဖြိုးပါတီဝင် များက မီးဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားခဲ့သည်။

အဆိုပါ တံတားဦးမြို့နယ် ခေါင်းကွဲကျေးရွာတွင် ယခုလ ၂၅ ရက် မွန်းတည့် ၁၂ နာရီကျော်မှ မွန်းလွဲ ၁၂နာရီခွဲထိ မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူနေအိမ်ခြောက်လုံး မီးဘေးသင့်ခဲ့ရပြီး အိမ်ထောင်စု ခြောက်စုမှ ပြည်သူ ၂၈ဦး မီးဘေး ဒဏ်ခံစားခဲ့ရကာ မီးဘေးသင့် ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ပထမအကြိမ်၌ မြို့နယ် ပါတီအစီအစဉ်ဖြင့် အလှူငွေ၊ ခေါက်ဆွဲခြောက်ထုပ်များနှင့်ရေသန့် တို့ကို ထောက်ပံ့ကူညီခဲ့ရာ ယခု ထောက်ပံ့ကူညီမှုသည် တိုင်းဒေသ ကြီး၊ ခရိုင်နှင့်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီများ စုပေါင်းကာ ဒုတိယ အကြိမ်မြောက် ထပ်မံထောက်ပံ့ ကူညီခြင်းဖြစ်ကြောင်း သိရသည်။

သုတ