ခေါင်ဖူးလောကမာရဇိန်မဟာစေတီတော် စိန်ဖူးတော်တင်လှူပွဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးသိန်းဇော်တက်ရောက်

 

မြစ်ကြီးနား မတ် ၂ဝ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးဒေသ ခေါင်ဖူးလောကမာရဇိန်မဟာ စေတီတော် စိန်ဖူးတော်တင်လှူပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင် ပင်ခံ ဦးသိန်းဇော် တက်ရောက်ခဲ့သည်။
အဆိုပါ စိန်ဖူးတော်တင်လှူပွဲကို ယနေ့နံနက် ၉ နာရီတွင် ကချင်ပြည်နယ်သံဃနာယက အကျိုးတော်ဆောင် ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ဆရာတော်အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ကချင်ပြည်နယ် သံဃနာယက အကျိုးတော်ဆောင် ဘဒ္ဒန္တကေတုမာလာ အမှူးပြုသောသံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ဗဟိုအတိုင်ပင်ခံ ဦးသိန်းဇော်နှင့်ဇနီး၊ စိန်ဖူးအလှူရှင် မံစီမြို့နယ်ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီနာယက ဦးထွန်းထွန်းနှင့်ဇနီးမိသားစု၊ ဥပသကာများ၊ ဖိတ်ကြားထားသူ များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ခေါင်ဖူးလောကမာရဇိန် မဟာစေတီတော်ဓမ္မာရုံတွင် ပရိသတ်အပေါင်းမှ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ကချင်ပြည်နယ် သံဃနာယက အကျိုးတော်ဆောင် ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ကချင်ပြည်နယ် သံဃနာယကအကျိုးတော်ဆောင် ဘဒ္ဒန္တကေတုမာလာထံမှ ကိုးပါးသီလခံယူ၍ စိန်ဖူးတော်နှင့် လှူဖွယ်ပစ္စည်းများအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအတိုင် ပင်ခံ ဦးသိန်းဇော်နှင့်ဇနီး၊ စိန်ဖူးအလှူရှင် မံစီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီနာယက ဦးထွန်းထွန်းနှင့်ဇနီးမိသားစုတို့မှ ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် ကြွရောက်လာသော ဆရာတော်သံဃာတော်များမှ ပရိတ်ဒေသနာရွတ်ဖတ်ပူဇော် ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်ချအမျှပေးဝေကာ စိန်ဖူးတော်အား ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှဗဟိုအတိုင်ပင်ခံ ဦးသိန်းဇော်နှင့်ဇနီး၊ စိန်ဖူးအလှူရှင် မံစီမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနာယက ဦးထွန်းထွန်းနှင့်ဇနီး မိသားစုတို့မှ နံ့သာရေများပက်ဖျန်း၍ ရှမ်းရိုးရာအကများဖြင့် စေတီတော်အား လက်ယာရစ် သုံးပတ်လှည့်လည်ပူဇော်ခဲ့သည်။

ဆက်လက်၍ ခေါင်ဖူးလောကမာရဇိန် မဟာစေတီတော်အထွတ်ပေါ်သို့ စိန်ဖူးတော်အား လက်ဆင့်ကမ်း၍ တင်လှူပူဇော်ပြီး ဆရာတော်သံဃာတော်များမှ ဇယန္တောဗောဓိယာမူလေ ဂါထာရွတ်ဖတ်ပူဇော်ပြီး အလှူရှင်ဦးထွန်းထွန်းက ရတနာ ရွှေမိုး၊ ငွေမိုး ရွာသွန်းဖြိုးခဲ့သည်။
ခေါင်ဖူးလောကမာရဇိန် မဟာစေတီတော်ကြီးကို ပျံလွန်တော်မူပြီးသည့် မြစ်ကြီးနားမြို့ ဝန်းသိုဆရာတော်ကြီး၏ မိန့်မှာထားချက်အရ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော စိန်ဖူးတော် ကို ယနေ့နံနက် ၁ဝ နာရီတွင် တင်လှူပူဇော်ခဲ့ခြင်းဖြစ်သည်။

EPN