ဗန်းမော်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီ ပါတီလုပ်ငန်းညှိနှိုင်းဆွေးနွေး

 

ဗန်းမော် မတ် ၁၅

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပ သောပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီကော်မတီဝင်များ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်၉နာရီခွဲက သာစည်ရပ်ကွက် ခရိုင်ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ သဘာပတိပါတီဗဟို ကော်မတီဝင် ခရိုင်တာဝန်ခံဦးဝင်း မောင်သိန်း၊ ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးသန်းဇော်လေး၊ အတွင်းရေးမှူး ဒေါ်ဝိုင်း၊ ဘဏ္ဍာရေးမှူး ဦးကျော် စွာဝင်းနှင့်ကော်မတီဝင်များ၊ အရန် ကော်မတီဝင်များ၊ ဗန်းမော်၊ မိုး မောက်၊ မန်စီ၊ ရွှေကူမြို့နယ်တို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် လူငယ် တာဝန်ခံများ၊ ခရိုင်ရုံးအဖွဲ့ဝင်များ စုစုပေါင်း ၂၅ ဦး တက်ရောက်ခဲ့ ကြသည်။

ရှေးဦးစွာ သဘာပတိ ဗဟို ကော်မတီဝင် ဦးဝင်းမောင်သိန်းက အဖွင့်အမှာစကား ပြောကြား၍ ခရိုင်ပါတီဥက္ကဋ္ဌ ဦးသန်းဇော်လေး က လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ခရိုင်ကော်မတီ ဝင်၊ အရန်ကော်မတီဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ဗန်းမော်၊ရွှေကူ၊ မိုးမောက်၊မန်စီမြို့နယ် ပါတီဥက္ကဋ္ဌ များကလုပ်ငန်းဆောင်ရွက်မှုများ နှင့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြ ဆွေးနွေးခဲ့ကြရာ တက်ရောက်လာ သော ကော်မတီဝင်များက ဖြည့် စွက်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေး တင်ပြချက်များအပေါ် ခရိုင်ပါတီ ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေး နွေးခဲ့ပြီး သဘာပတိက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ရာ အစည်း အဝေးကို မွန်းလွဲ ၁ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ဆီမီးခုံ-နန်းရီ