မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်

 

မြိတ်မြို့YBA ဗုဒ္ဓဘာသာလူငယ်များ အသင်းမှ
ကြီးမှူးကျင်းပလျက်ရှိသည့် (၇၃)ကြိမ်မြောက်
ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲ ကြီးတွင်
မေလ (၈)ရက်နေ့ညနေ၃းဝဝအချိန်တွင်
မြိတ်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှရပ်ကွက်/ကျေးရွာအသီးသီးကပါတီဝင်
လူငယ်မောင်မယ်စုပေါင်း၍ ကုသိုလ်ဖြစ်ပါဝင်အား ဖြည့်ကြကာ ပွဲတော်သို့ဘုရားဖူးလာရောက်ကြသည့် ဧည့်သည်များ အားမှုန့်တီလှော်၊ဖျော်ရည် စသော စတုဒီသာများဖြင့်လှူဒါန်းဧည့်ခံကျွေးမွေးခဲ့ကြသည်။
ထို့နောက်မြိတ်မြို့နယ်
ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး၊ ဦးကိုကိုကြီးနှင့် ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာများက စည်းရုံးရေးမှူးများနှင့်ပါတီိဝင်လူငယ်မောင်မယ်များက ဒီပင်္ကရာမြတ်စွာဘုရားပူဇော်ခံရာယာယီစံကျောင်းရှိ ဗုဒ္ဓရုပ်ပွားတော်အားကဆုန်ညောင်ရေ များသပ္ပါယ် သွန်းလောင်း ပူဇော်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

Kyaw Linn