မန္တ​လေးခရိုင်​ ပြည်​ခိုင်​ဖြိုးပါတီမှ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု (ဆင့်​ပွား) သင်​တန်းဖွင့်​ပွဲ ကျင်းပပြုလုပ်

 

(၂၀.၂.၂၀၁၈) ရက်​​နေ့ နံနက်​ (၀၈း၃၀) အချိန်​တွင်​ မန္တ​လေးခရိုင်​ ပြည်​ခိုင်​ဖြိုးပါတီမှ ဖွင့်​လှစ်​​သော နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု (ဆင့်​ပွား) သင်​တန်းဖွင့်​ပွဲအခမ်းအနားအား မန္တ​လေးတိုင်း​ဒေသကြီး ပါတီရုံးအစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်​ရာ တိုင်း​ဒေသကြီးပါတီ​ဥက္ကဌ ဦးဝင်း​မောင်​၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦ​အောင်​​ကျော်​မိုးနှင့်​ တိုင်းပါတီ​ကော်​မတီဝင်​များ၊ မန္တ​လေးခရိုင်​ပါတီဥက္ကဌ ဦးဘိုသင်းနှင့်​ ခရိုင်​​ကော်​မတီဝင်​များ၊ သင်​တန်းနည်းပြများ၊ မန္တ​လေးခရိုင်​အတွင်းရှိ မြို့နယ် ​(၇) မြို့နယ်​မှ သင်​တန်းသား/သူများ တက်​​ရောက်​ခဲ့ကြပြီး တိုင်း​ဒေသကြီးပါတီဥက္ကဌ ဦးဝင်း​မောင်​မှ သင်​တန်းဖွင့်​အမှာစကား​ပြောကြားပြီး၊ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ဦးမျိုးမြင့်​မှသင်​တန်းစည်းကမ်းများ ဖတ်​ကြားရှင်းလင်​ခဲ့​ကြောင်း သိရှိရပါသည်​။