ကမ္ဘာပေါ်တွင် တန်ဖိုးအများဆုံး လူစာရင်းအဖြစ် မန်စီးတီးအသင်း မှတ်တမ်းဝင်

ဒေးလီးမေးလ်ရဲ့ ဖော်ပြချက်အရ မန်စီးတီးအသင်း လူစာရင်းဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအများဆုံးလူစာရင်းအဖြစ် မှတ်တမ်းဝင်နေပါတယ်။

မန်စီးတီးကစားသမားတွေရဲ့ စုစုပေါင်းတန်ဖိုးဟာ ပေါင်သန်း ၇၇၇ သန်း ရှိတာကြောင့် ပီအက်စ်ဂျီ၊ မန်ချက်စတာ ယူနိုက်တက်၊ ဘာစီလိုနာ စတဲ့အသင်းတွေကို ကျော်ဖြတ်ပြီး တန်ဖိုးအကြီးဆုံး လူစာရင်းအဖြစ် သတ်မှတ် ခံခဲ့ရတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဒီနှစ်နွေရာသီ အပြောင်းအရွှေ့မှာ နောက်ခံလူတွေဖြစ်တဲ့ ဝေါ်လ်ကာ၊ မန်ဒီ၊ ဒန်နီလိုနဲ့ လာပေါ်တေး၊ ဂိုးသမား အီဒါဆန်၊ ကွင်းလယ်ကစားသမား ဘရန်နာဒိုဆေးလ်းဗားတို့ကို စံချိန်တင် ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူခဲ့တာပါ။

အသင်းလူစာရင်းမှာ ဒီဘရိုင်း၊ ဆာနေး၊ စတာလင်၊ အဂွေရိုတို့လို တန်ဖိုးမြင့်ကစားသမားတွေလည်း ရှိတာကြောင့် ကမ္ဘာ့ပေါ်မှာ တန်ဖိုးအများဆုံး လူစာရင်းအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

ဒုတိယမြောက် တန်ဖိုးအများဆုံး လူစာရင်းအဖြစ် ပီအက်စ်ဂျီအသင်းက ပေါင် ၇၁၃ သန်းနဲ့ ရပ်တည်နေပြီး မန်ယူအသင်းက ပေါင် ၆၆၁ သန်းနဲ့ တတိယ၊ ဘာစီလိုနာအသင်းက ပေါင် ၆၄၁ သန်းနဲ့ စတုတ္ထနေရာတွေမှာ ရပ်တည်ပါတယ်။

တခြားထိပ်တန်းအသင်းတွေထဲမှာ ချဲလ်ဆီးက အဆင့် ၅၊ ရီးရဲလ်မက်ဒရစ်အသင်းက အဆင့် ၆ ၊ လီဗာပူးက အဆင့် ၇၊ ဂျူဗင်တပ်ကအဆင့် ၈၊ အာဆင်နယ်က အဆင့် ၉ မှာ ရပ်တည်နေပါတယ်။

အင်္ဂလန်ကလပ် အဲဗာတန်အသင်းကတော့ ဘိုင်ယန်မြူးနစ်၊ အက်သလက်တီကိုနဲ့ စပါးတို့ကို ကျော်ဖြတ်ပြီး အဆင့် ၁၀ မှာ ရပ်တည်နိုင်ခဲ့ပါတယ်။

 

-Ref; Sky sprots