သရက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မေတ္တာရှင်အခမဲ့ဆေးကုသခန်း ၁ဝနှစ်ပြည့်အထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်ပေးအပ်

 

သရက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖွင့်လှစ်ထားသော မေတ္တာရှင် အခမဲ့ဆေးကုသခန်း ၁ဝနှစ်ပြည့်အထိမ်းအမှတ်ကို ယနေ့မွန်းလွဲ ၁နာရီက အဆိုပါဆေးခန်း၌ ကျင်းပ သည်။

၂ဝဝ၈ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က ဖွဲ့စည်း တည်ထောင်ဖွင့်လှစ်ခဲ့သော သရက်မြို့နယ် ပြည် ခိုင်ဖြိုးပါတီ မေတ္တာရှင်အခမဲ့ဆေးကုသခန်း (ပြင်ပ လူနာ) ၁ဝနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြည်ခိုင်ဖြိုး ပါတီ မြို့နယ်ပါတီကော်မတီဝင်များက ၁ဝနှစ် တိုင်တိုင်စေတနာဖြင့် တာဝန်ယူကုသပေးနေသော ဆရာဝန်များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ် ပြီး ဆေးကုသခံလူနာများအား အာဟာရမုန့်များ လက်ဆောင်ဝေငှပေးခဲ့သည်။

အောင်ကြီး(သရက်)