ငါန်းဇွန်မြို့၌ စက်မှုနှင့်အသက်မွေးပညာရွေ့လျားသင်တန်းဆင်းပွဲကျင်းပ

 

 

စက်မှုဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့၏ လမ်းညွှန်မှုဖြင့် အမှတ် (၆) စက်မှု သင်တန်းကျောင်း(မြင်းခြံ)နှင့် ငါန်းဇွန်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီတို့ပူးပေါင်းဖွင့် လှစ်သည့် စက်မှုနှင့်အသက်မွေး ပညာရွေ့လျားသင်တန်းအမှတ်စဉ် (၆ဝ)သင်တန်းဆင်းပွဲအခမ်းအနား ကိုငါန်းဇွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် အမှတ်(၆)စက်မှုသင်တန်းကျောင်း (မြင်းခြံ) ကျောင်းအုပ်ကြီး ဦးဟန် ငြိမ်းဆွေနှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်ဦးမြတ်သူတို့က အမှာ စကားပြောကြားပြီး ထူးချွန်ဆုရ သင်တန်းသားများအား တာဝန်ရှိ သူများက ဆုများအသီးသီးချီးမြှင့် ပြီး သင်တန်းဆင်းအောင်လက်မှတ် များကိုပေးအပ်သည်။ ထို့နောက် မြို့နယ်ပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူးဦးစိုးနိုင်နှင့် သင်တန်းသား မောင်သန်းဇော်ဝင်းတို့က ကျေးဇူး တင်စကားပြောကြားပြီး သင်တန်း သားများ၏လက်တွေ့ ဆောင်ရွက် ထားရှိမှုများကို အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည် တော်များက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြင်းခြံခရိုင် ပါတီဥက္ကဋ္ဌ ဦးကျော်တင်၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးကိုကိုနှင့် ကော်မတီ ဝင်များ၊ အမှတ်(၆)စက်မှုသင် တန်းကျောင်းမှကျောင်းအုပ်ကြီးနှင့် နည်းပြဆရာ ဆရာမများ၊ လျှပ်စစ် သင်တန်းသား ၆ဝတို့တက်ရောက် ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)