မိုးကောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးအတွက် ကလိုရင်းပိုးသတ်ဆေးဖျန်းခြင်း လုပ်ဆောင်

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အထောက်အကူပြုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ မြို့နယ် အရန်ပါတီကော်မတီဝင်များဖြစ်သည့် မြို့နယ် ပါတီစည်းရုံးရေးနယ်မြေ(၅) တာဝန်ခံ ဦးတင်လှိုင်နှင့် ဦးမောင်မောင်သန်း၊ နမ္မတီးမြို့ မြို့မရပ်ကွက် ပါတီဥက္ကဋ္ဌ ဦးခင်လှိုင်၊ မြတောင်ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌ ဒေါ်စန်းစန်းဌေးနှင့် နမ္မတီးဒေသ ဌာနေပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ဦးဝင်းနိုင်ဦးတို့ ပါဝင်သောအဖွဲ့က ယမန်နေ့ ညနေပိုင်းတွင် မြတောင်ကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်းတိုက်ဝင်းအတွင်း၌ ကလိုရင်း ပိုးသတ် ဆေးဖျန်းခြင်းလုပ်ငန်း  ဆောင်ရွက်ခဲ့ကြသည်။