အီရန်အစိုးရ ဆန့်ကျင်ဆန္ဒပြမှုအတွင်း ဖမ်းဆီးထားသည့် လူပေါင်း ၄ဝဝ ကို ပြန်လွှတ်ပေး

တီဟီရန် ဇန်နဝါရီ ၁၆

နိုင်ငံအတွင်း နောက်ထပ်လူမည်မျှ ထပ်မံ ဖမ်းဆီးထိန်းသိမ်းခံရမည်ကို မသိခင် အခြေအနေတွင် အီရန်အစိုးရ ဆန့်ကျင် ဆန္ဒပြမှုအတွင်း ဖမ်းဆီးထားသည့် လူ ပေါင်း ၄ဝဝ ခန့်ကို အီရန်က လွှတ်ပေးခဲ့ ကြောင်း တရားစီရင်ရေးအာဏာပိုင်များ က ပြောခဲ့သည်။

စီးပွားရေးခက်ခဲသည့်အချိန် လွန်ခဲ့ သည့် ဒီဇင်ဘာနှောင်းပိုင်းမှစကာ ဖြစ်ပွား ခဲ့သည့် ဆန္ဒပြမှုများသည် မြို့၊ ရွာနှင့် ကျေးလက်ပေါင်း ၈ဝ ကျော်အထိ ပျံ့နှံ့ ခဲ့ပြီးနောက် အကျိုးဆက်အားဖြင့် လူ ပေါင်း၂၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဆန္ဒပြသူများသည် အစပိုင်းတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် အကျင့်ပျက် လာဘ်စားခြင်းတို့အပေါ် မကျေမနပ်ဖြစ် ခဲ့သော်လည်း နောက်ပိုင်းတွင် တဖြည်း ဖြည်း နိုင်ငံရေးဆန့်ကျင် ဆန္ဒပြမှုအသွင် သို့ ပြောင်းလဲသွားကြောင်း၊ ထို့နောက် အထွတ်အထိပ်ခေါင်းဆောင် အရာတိုလာ အလီခါမေနီကို ရာထူးမှ ဆင်းပေးရန်အထိ တောင်းဆို လာခဲ့ကြသည်။
တရားရေးအာဏာပိုင်များက နိုင်ငံ တစ်ဝန်းဆန္ဒပြသူ ၁ဝဝဝ ကျော်ဖမ်းဆီးခဲ့ကြောင်းပြောကြားခဲ့သော်လည်း ဥပဒေ ပြုအမတ် မာမွတ်ဆာဒီဂီက ယခုအချိန်ထိ အနည်းဆုံးလူ ၃၇ဝဝကျော်ကို ဖမ်းဆီးထားပြီးဖြစ်ကြောင်း ပြောခဲ့သည်။
ထိန်းသိမ်းခံအများစုမှာ ထိန်းသိမ်းခံထားရစဉ် သေဆုံးခဲ့ကြောင်း၊ ထို့ကြောင့် လူ့အခွင့်အရေး စောင့်ကြည့်သူများက အဆိုပါ ပြစ်မှုများကို လွတ်လပ်စွာ စစ်ဆေးနိုင်ရန် တောင်းဆိုထားကြောင်း သိရသည်။

 

ရိုက်တာ