ကယ်လီဖိုးနီးယားမှာ ဆေးခြောက်ကို တရားဝင် စတင်ရောင်းချ

ဇန်န၀ါရီ ၂

အမေရိကန်နိုင်ငံရဲ့ လူဦးရေ အထူထပ်ဆုံး ပြည်နယ်ကြီးတစ်ခုဖြစ်တဲ့ ကယ်လီဖိုးနီးယားမှာတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁ ရက်ကစပြီး ဆေးခြောက်ကို တရားဝင် စတင်ရောင်းချပေးနေပြီ ဖြစ်ကြောင်း သိရပါတယ်။

ယင်းပြည်နယ်မှာတော့ ဆေးခြောက်ကို အပန်းပြေစေဖို့နဲ့ စည်းစိမ်ခံနိုင်ဖို့အတွက် အသုံးပြုနိုင်ဖို့ အထူးခွင့်ပြုချက်ရထားတဲ့ ဆိုင်တွေမှာ စတင် ရောင်းချပေးနေပြီ ဖြစ်ပါတယ်။

နိုင်ငံမှာ အကြီးဆုံးသော စီးပွားရေးအင်အားကြီး ပြည်နယ်လည်း ဖြစ်တဲ့ ကယ်လီဖိုးနီးယားအနေနဲ့ ယခုအခါ ဆေးခြောက်ကို တရားဝင် အသုံးပြုခွင့်၊ ရောင်းချခွင့် ရထားပြီးသားဖြစ်တဲ့ အခြားသော အမေရိကန်နယ်မြေ အ၀န်းအ၀ိုင်းတွေထဲမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ယခုလက်ရှိအချိန်မှာ ယင်းပြည်နယ်တွင်းက စီးပွားရေး လုပ်ငန်းရှင် ၆၀ လောက်က ယင်းဆေးခြောက်ရောင်းချခွင့် လိုင်စင်တွေ ရယူထားလျက်ရှိကြောင်း သိရပါတယ်။

လာမယ့် ၂၀၂၀ အရောက်မှာ ယင်း ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ တရားဝင် ဆေးခြောက်ရောင်းချရမှုဟာ ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံဖိုးထိ ရောက်ရှိသွားနိုင်ဖို့ ရှိပြီး အခွန်အကောက် ကောက်ခံရရှိမှုနှုန်းကလည်း ဒေါ်လာ ၁ ဘီလီယံထိ ရှိလာနိုင်တယ်လို့ လော့စ်အိန်ဂျလိစ် ဆေးခြောက်အထူးလုပ်ငန်းအဖွဲ့က ဆက်သွယ်ရေးဒါရိုက်တာ အဲလိဇဘက် အက်ရှ်ဖို့ဒ်က ခန့်မှန်းသွားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတော့ အမေရိကန်နဲ့ ကနေဒါတို့မှာ ဆေးခြောက်ကို တရားဝင်ရောင်းချမှုတန်ဖိုးဟာ ဒေါ်လာ ၁၁ ဒသမ ၇ ဘီလီယံကို ကျော်လွန်ထားခဲ့ပြီး လာမယ့်ငါးနှစ်အတွင်းမှာလည်း ဒေါ်လာ ၂၃ ဘီလီယံထိ ရောက်ရှိသွားနိုင်မယ်လို့ ခန့်မှန်းရပါတယ်။  EFE EPA