ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်အသစ် တင်ပွဲအခမ်းအနားကျင်းပ

ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဆိုင်းဘုတ်အသစ် တင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းဝင်းတွင် ကျင်းပခဲ့သည်။

ဆိုင်းဘုတ်အသစ်အား ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်သည်။

ယင်းနောက် တက်ရောက်လာကြသော ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး ဗဟိုကော်မတီဝင်များ၊ ပါတီနာယကများ၊ ပြည်နယ်ကော်မတီဝင်များ၊ လွိုင်ကော်ခရိုင်နှင့် မြို့နယ်အသီးသီးမှ ပါတီဥက္ကဋ္ဌများက အမွှေးနံ့သာများဖြင့် ပက်ဖျန်းပြီး ရွှေမိုးငွေမိုးများ ရွာသွန်းခဲ့သည်။

ယင်းအခမ်းအနားတွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း၊ အတွင်းရေးမှူး ဦးဌေးရယ်၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးလူရယ်ဖိုးလူ၊ ဦးကိုးရယ်၊ ပြည်နယ် ပါတီနာယကများဖြစ်ကြသော ဦးတော့ရယ်၊ ဦးခီးရယ်၊ ဦးပီမောင်စိုး၊ ဒေါ်စုလေးဖြူနှင့် ပြည်နယ်ကော်မတီဝင် များ၊ လွိုင်ကော်ခရိုင်နှင့် မြို့နယ်အသီးသီးမှ ပါတီဥက္ကဋ္ဌများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူသင်တန်းသား များ စုစုပေါင်းအင်အား ၈ဝ ကျော် တက်ရောက်ကြောင်း သိရသည်။

မမောင်(ချိကယ်သူ)