နိုင်ငံတကာပညာရေး အခွင့်အလမ်းဟောပြောပွဲနှင့် ခေတ်ရင်ပြင်နှင့် သတင်းစကားအစီအစဉ်ကျင်းပ

ဇလွန် ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး ကျင်းပသော နိုင်ငံတကာပညာရေး အခွင့်အလမ်းဟောပြောပွဲနှင့် ခေတ်ရင်ပြင်နှင့် သတင်းစကားအစီအစဉ်ကို ယခုလ ၅ ရက် နံနက်ပိုင်းက ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ AIBI ကျောင်းမှ ဆရာဦးမောင်မောင်ဦးက အသက် မွေးဝမ်းကျောင်းပညာရပ်များ၊ မြန်မာနိုင်ငံရှိကုမ္ပဏီများ၊ ဘဏ်များ၊ နိုင်ငံခြားမှရင်းနှီးမြှုပ်နှံသော လုပ်ငန်းများ တွင် လက်ရှိအသုံးပြုနေသော နိုင်ငံခြားမှဘွဲ့များအကြောင်းနှင့် နိုင်ငံတကာပညာရေးအခွင့်အလမ်းများ အကြောင်း အသိပညာပေးရှင်း လင်းဟောပြောခဲ့ပြီး မွန်းလွဲပိုင်းတွင် ခေတ်ရင်ပြင်နှင့် သတင်းစကား လက်တွေ့ လူထုဟောပြောပွဲတွင် တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးလှခိုင်က လက်တွေ့ လူထု ဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပါတီဝင်မျိုးဆက်သစ်လူငယ်များဖြစ်သော မငုဝါလှိုင်၊ မသန္တာစိုး၊ မသွယ်သွယ်အောင်၊ မဟေသွယ်ရင်၊ မတင်ဇာကျော်၊ ကိုကျော်မြအေး၊ မရွှေဝတ်မှုန်ကြည်တိုး၊ မဝင်းပပမိုးတို့က လက်တွေ့လူထုဟောပြောခဲ့ကြပြီး ဟောပြောချက်များအပေါ် မြို့နယ် ပါတီကော်မတီဝင် ဦးရှိန်းထက်ခေါင်က လိုအပ်သည်များကို ပြန်လည်ရှင်းလင်းဖြည့်စွက်ဟော ပြောခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးလှခိုင်၊ ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးချိုမြင့်ခိုင်၊ မြို့နယ်တာဝန်ခံ ဦးစောရေမီနှင့် ပါတီကော်မတီဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ဝေယံ(ဇလွန်)